မွန်ပြည်နယ်က စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာပါဝင်
မော်လမြိုင် ၊ ဧပြီ ၁၉ မွန်ပြည်နယ်မှာ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသူအကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးက အကျဉ်းသူအကျဉ်းသား…