March 2025

ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ သဘောတူ

ဆိုးလ်၊ မတ် ၂၂ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဟာ အားလုံးရဲ့ တာဝန်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့ မတ် ၂၂ ရက်မှာ သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီးနောက် ပြောကြားလိုက်ပါတယ်။ ရာဇဝင်အရရော နယ်နိမိတ်ဆိုင်ရာအရပါ အငြင်းပွားမှုတွေ ရှိနေတဲ့ အဲဒီ အိမ်နီးချင်း သုံးနိုင်ငံကြား မေလက…

အမေရိကန်က တောင်ကိုရီးယားနဲ့တူရကီကနေ ကြက်ဥ သန်းနဲ့ချီ တင်သွင်းမယ်

ဝါရှင်တန်၊ မတ် ၂၂ ထရန့်အစိုးရက တူရကီနဲ့တောင်ကိုရီးယားတို့ဆီကနေ ကြက်ဥတင်သွင်းဖို့ စီစဉ်နေပြီး အမေရိကန်ပြည်သူတွေအတွက် အမြဲတမ်း မြင့်တက်နေတဲ့ ဈေးနှုန်းလျော့ပါးစေရေး မျှော်လင့်ချက်နဲ့ တခြားနိုင်ငံတွေနဲ့ပါ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ရေတိုအတွက် ကြက်ဥ သန်းပေါင်းများစွာ တင်သွင်းဖို့ မိမိတို့ ပြောဆို ဆွေးနွေးနေတယ်လို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး ဘရုတ်ခ် ရိုလင်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားထားပါတယ်။ အမေရိကန်…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦးသေဆုံး

တနင်္သာရီ၊ မတ် ၂၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပကဖ ထံကနေ သိရပါတယ်။ မနေ့ မတ်လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ချောင်းလမုကျေးရွာထဲကို လက်နက်ကြီး သုံးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်…

ရေးမြို့နယ်က စစ်ကောင်စီစခန်းကုန်းတစ်ခု တိုက်ခိုက်ခံရ

ရေး၊ မတ် ၂၂ မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က မတ် ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီစခန်းကုန်းကို ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ခြောက်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး…

အင်းတော်သို့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရ

အင်းတော်၊ မတ် ၂၂ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မတ် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကသာမြို့ကနေ စစ်ကူထွက်တဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၅ ရက်နေ့က ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊…

ဗုံးကြဲခံရတဲ့ စိန်ရတနာဘုန်ကြီးကျောင်းဟာ PDF ထောက်ခံအားပေးနေတာလို့ စစ်တပ်ဝါဒဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “လေကြောင်းတိုက်ခိုက်ခံရတဲ့ နောင်ချိုမြို့ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ဟာ PDF အားပေးထောက်ခံနေသလို ကျောင်းအတွင်း PDF တွေ ခိုအောင်းနေတာကြောင့် ဗုံးကြဲတိုက်ခိုက်ရတာ ”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ သတင်းအမှား…

စစ်အာဏာသိမ်း (၁၅၁၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၂ AAPP ရဲ့ မတ် ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၁၀) ရက်အတွင်း ပြည်သူ (၆၄၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲမဖြစ်ရေး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုက်ဖျက်သင့်တယ်လို့ စစ်ရေးအကဲခတ်တွေပြော

မော်လမြိုင် ၊ မတ် ၂၂ နိုင်ငံရေးတရားဝင်မှုရဖို့ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တော် လှန်ရေးအင်အားစုတွေဘက်က ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုက်ဖျက်သင့်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲပြန်လည်ကျင်း ပပေးမယ်လို့ အမြဲတစေထုတ်ပြောခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကလည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားကြတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးမှာ…

လာဘ်ငွေယူပြီး စစ်သားစုဆောင်းမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ဝန်ခံ

ကလော ၊ မတ် ၂၂ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တချို့ဟာ ဥပ‌ဒေနဲ့ မညီတဲ့ လာဘ်ငွေယူကာ စစ်မှုထမ်း စစ် သားစုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုလိုက်ပါတယ်။ မတ် ၂၀ ရက်နေ့က ရှမ်းပြည်နယ် ကလောမြို့ကို သွားရောက်ပြီး ကလောတပ်နယ်က အရာရှိ၊ စစ် သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံစဉ် စစ်မှုထမ်းဆင့်ခေါ်မှုနဲ့…

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်

ကော့ကရိတ်၊ မတ် ၂၂ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ တပ်အင်အားဖြည့်ဆည်းလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မှာ နိုင်ငံတော်အဆင့်ဆိုပြီး စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲနေတဲ့ အောင်ဇေယျစစ် ကြောင်းတွေဆီ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို အ ဆက်မပြတ် ပို့ဆောင်အင်အားဖြည့်ဆည်းနေပြီး ကော့ကရိတ်မြို့အနီးက အာရှလမ်းမကြီးဆီ…