ဝန်ကြီးချုပ်အပေါ် အယုံအကြည် မရှိ အဆို ထိုင်းလွှတ်တော် ပယ်ချ
ဘန်ကောက်၊ မတ် ၂၆ မတ် ၂၅ ရက် မနက်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာ ဝါထရာအပေါ် အတိုက်အခံတွေ တင်သွင်းတဲ့ အယုံအကြည် မရှိ အဆိုကို ထိုင်းလွှတ်တော်က ပယ်ချလိုက်ပါတယ်။ မနက် ၁၀ နာရီမှာ စတင်တဲ့ အစည်းအဝေးကို ထိုင်း လွှတ်တော်အမတ် ၄၇၈ ဦး တက်ရောက်ခဲ့ပြီး…