လွတ်ရက်စေ့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်
အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ လွတ်ရက်စေ့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာ မရှိဘူး”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီ…