ရွေးကောက်ပွဲအကူအညီပေးရေး တရုတ်က စစ်ခေါင်းဆောင်နဲ့ လာရောက်ဆွေးနွေး
နေပြည်တော် ၊ မတ် ၁၃ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကာလကို ထုတ်ပြောပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုတွေအတွက် မတ် ၁၁ ရက်နေ့မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း အထွေထွေရွေး ကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီ အစောပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ ထုတ်ပြောထားတာပါ။…