March 21, 2025

ဗုံးကြဲခံရတဲ့ စိန်ရတနာဘုန်ကြီးကျောင်းဟာ PDF ထောက်ခံအားပေးနေတာလို့ စစ်တပ်ဝါဒဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “လေကြောင်းတိုက်ခိုက်ခံရတဲ့ နောင်ချိုမြို့ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်ဆရာတော်ဟာ PDF အားပေးထောက်ခံနေသလို ကျောင်းအတွင်း PDF တွေ ခိုအောင်းနေတာကြောင့် ဗုံးကြဲတိုက်ခိုက်ရတာ ”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ သတင်းအမှား…

စစ်အာဏာသိမ်း (၁၅၁၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၂ AAPP ရဲ့ မတ် ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၁၀) ရက်အတွင်း ပြည်သူ (၆၄၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲမဖြစ်ရေး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုက်ဖျက်သင့်တယ်လို့ စစ်ရေးအကဲခတ်တွေပြော

မော်လမြိုင် ၊ မတ် ၂၂ နိုင်ငံရေးတရားဝင်မှုရဖို့ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တော် လှန်ရေးအင်အားစုတွေဘက်က ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုက်ဖျက်သင့်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲပြန်လည်ကျင်း ပပေးမယ်လို့ အမြဲတစေထုတ်ပြောခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကလည်း ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားကြတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးမှာ…

လာဘ်ငွေယူပြီး စစ်သားစုဆောင်းမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ဝန်ခံ

ကလော ၊ မတ် ၂၂ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တချို့ဟာ ဥပ‌ဒေနဲ့ မညီတဲ့ လာဘ်ငွေယူကာ စစ်မှုထမ်း စစ် သားစုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုလိုက်ပါတယ်။ မတ် ၂၀ ရက်နေ့က ရှမ်းပြည်နယ် ကလောမြို့ကို သွားရောက်ပြီး ကလောတပ်နယ်က အရာရှိ၊ စစ် သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံစဉ် စစ်မှုထမ်းဆင့်ခေါ်မှုနဲ့…

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်

ကော့ကရိတ်၊ မတ် ၂၂ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ တပ်အင်အားဖြည့်ဆည်းလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မှာ နိုင်ငံတော်အဆင့်ဆိုပြီး စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲနေတဲ့ အောင်ဇေယျစစ် ကြောင်းတွေဆီ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို အ ဆက်မပြတ် ပို့ဆောင်အင်အားဖြည့်ဆည်းနေပြီး ကော့ကရိတ်မြို့အနီးက အာရှလမ်းမကြီးဆီ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး နှစ်ပါးဒဏ်ရာရ

ကျိုက်ထို၊ မတ် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိမ်ဇရပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ မတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ရာကနေ ခရွဲကျေးရွာရှိ…

ထားဝယ်မှာ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦး ပစ်သတ်ခံရ

ထားဝယ်၊ မတ် ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးမှာ ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား သုံးဦး စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ဘုရားမဲစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သား သုံးဦးဟာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်ထွက်လာချိန် စောင့်ကြိုပစ်ခတ်ခံခဲ့ရတာပါ။ “ပစ်ခတ်မှုဖြစ်တာက သူတို့ စစ်ဆေးရေးဂိတ်နဲ့သိပ်မကွာဘူး။ စကစ…

ဒူတာတေး ဖမ်းဆီးမှု ICC နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ဖိလစ်ပိုင်အစိုးရ ငြင်းဆို

မနီလာ၊ မတ် ၂၁ ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးပြီး နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC သို့ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဖိလစ်ပိုင် လွှတ်တော်အမတ်တွေက အစိုးရအရာရှိတွေကို မတ် ၂၀ ရက်က မေးမြန်း စစ်ဆေးရာမှာ တရားရေးဝန်ကြီးက ကြိုတင် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။ ဒူတာတေးဟာ…

ယူကရိန်းရှိ ရုရှား သိမ်းထားတဲ့ နယ်မြေတွေကို ထရန့် တရားဝင် အသိအမှတ်ပြုပေးဖို့ ပူတင် အလိုရှိ

မော်စကို၊ မတ် ၂၁ ခရိုင်းမီးယားဒေသအပြင် မော်စကိုက သူတို့အပိုင် ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ယူကရိန်းဒေသ လေးခုစလုံးကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တရားဝင် အသိအမှတ်ပြုပေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆန္ဒရှိနေတယ်လို့ ရုရှားနေ့စဉ် သတင်းစာ Kommersant က ဖော်ပြပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှား သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ အတူ…

ကော့ကရိတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံး

ကော့ကရိတ်၊ မတ် ၂၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တဘလုခို့ခီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မတ် ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ တဘလုခို့ခီးကျေးရွာကို ဂျက်ဖိုက်တာ…