March 19, 2025

စစ်အာဏာသိမ်း (၁၅၀၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၉ AAPP ရဲ့ မတ် ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၈) ရက်အတွင်း ပြည်သူ (၆၄၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၈၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

သီးခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတာလို့ စစ်ခေါင်းဆောင်ပြော

မော်လမြိုင် ၊ မတ် ၂၀ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအမြင်မတူညီမှုတွေကို အခြေခံသလို တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြတာကြောင့်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားမှာ ပေးပို့တဲ့ အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။…

လုံခြုံရေးအင်အား အများအပြားနဲ့ လမ်းပိတ်ကျင်းပခဲ့တဲ့ မွန်ပြည်နယ်နေ့အခမ်းအနား

မော်လမြိုင် ၊ မတ် ၂၀ မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လုံခြုံရေး အင်အားအများအပြားအသုံးပြုပြီး မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကိုတော့ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်ဘေး သမိန်ဗရမ်းဘက်စုံသုံးကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တွေအပါအဝင် ပျူစောထီး လုံခြုံရေးအင်အားရာနဲ့ချီ အသုံးပြုခဲ့တာပါ။ အခမ်းအနားကျင်းပဖို့အတွက်…

ထားဝယ်မှာ စစ်ကြောင်းဝင်လာလို့ ကျေးရွာလေးရွာက ဒေသခံတွေ ထွက်ပြေးနေရ

ထားဝယ်၊ မတ် ၂၀ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်ကစပြီး ထားဝယ်မြို့နယ် စည်ပင်ကောက်ကျေးရွာကနေ ပကာရီကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။…

နေရပ်ပြန်ပို့သူတွေကို လက်မခံရင် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်လုပ်မယ်လို့ ဗင်နီဇွဲလားကို အမေရိကန် ခြိမ်းခြောက်

ဝါရှင်တန်၊ မတ် ၁၉ အမေရိကန်က ပြန်ပို့လိုက်တဲ့ နိုင်ငံသားတွေကို ဗင်နီဇွဲလားက လက်မခံရင် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ် ၁၈ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ ပြန်လည် ပို့ဆောင်လိုက်တဲ့ လေကြောင်းခရီးစဉ်တွေ မပြတ် ဝင်ရောက်လာနေမှုကို သမ္မတ မာဒူရိုအစိုးရအနေနဲ့ နောက်ထပ် ဆင်ခြေပေးတာ ဒါမှမဟုတ်…

ယူကရိန်း စွမ်းအင်ပစ်မှတ်တွေကို ရုရှား တိုက်ခိုက်မှု ရပ်တန့်ရေး ပူတင်နဲ့ ထရန့် သဘောတူ

ဝါရှင်တန်၊ မတ် ၁၉ မတ် ၁၈ ရက်က ဖုန်းခေါ်ဆို ဆွေးနွေးမှုအတွင်း ဒေါ်နယ် ထရန့်နဲ့ ပူတင်တို့က ယူကရိန်း စွမ်းအင် ပစ်မှတ်တွေကို ရုရှား တိုက်ခိုက်နေမှု ရပ်တန့်ရေး သဘောတူညီခဲ့ကြပေမယ့် ရာနှုန်းပြည့် အပစ်ရပ်ရေး သဘောတူညီမှု မရယူနိုင်ခဲ့ပါဘူး။ အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်တွေဟာ တစ်နာရီခွဲကျော်ကြာ ပြောဆို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး…

စစ်အာဏာသိမ်း (၁၅၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၉ AAPP ရဲ့ မတ် ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၇) ရက်အတွင်း ပြည်သူ (၆၄၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…