စဉ့်ကူး၊ မတ် ၁၅
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် ကလေးငယ်ခြောက်ဦးအပါအဝင် အရပ်သားပြည်သူ၂၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
မနေ့ မတ် ၁၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်မှာ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ လူစည်ကားရာ ဈေးဆိုင်တန်းတွေကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက် ခိုက်ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံလှကျေးရွာနေ ကလေးငယ်ခြောက်ဦးအပါအဝင် အရပ် သားပြည်သူ ၂၇ ဦး သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDY-PDF က ဆိုပါတယ်။
လက်ပံလှကျေးရွာဟာ အိမ်ခြေထောင်နဲ့ချီရှိတဲ့ မန္တလေး-မိုးကုတ် ကားလမ်းပေါ်က ကျေးရွာကြီးဖြစ်ပြီး လက်ပံလှအပါအဝင် စဉ့်ကူးမြို့နယ်တစ်ခုလုံးကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်ချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ တစ်စထက်တစ်စ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDY-PDF