March 15, 2025

ကျိုက်ထိုမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ PDF ရဲဘော်နှစ်ဦးနဲ့ အရပ်သားလေးဦး ဒဏ်ရာရ

ကျိုက်ထို၊ မတ် ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျေးရွာသုံးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦးနဲ့ အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က ကျိုက်ထိုမြို့နယ် မုက္ခမော့ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရာ ဂိတ်နဲ့ ပေ…