တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ
တနင်္သာရီ၊ ဖေဖော်ဝါရီ ၇ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ တနင်္သာရီမြို့နယ် ထုံမခါကျေးရွာနဲ့ သိန်းခွန်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားနေတာပါ။ ဖေဖော်ဝါရီ ၃ ရက်၊…