နိုင်ငံရေးပန်းတိုင် မရောက်မချင်း အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ် AD ပြော
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၅ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ မိမိတို့မျှော်မှန်းတဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင် မရောက်မချင်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က ပြောပါတယ်။ အဲဒီလို ကြိုးပမ်းရာမှာ ဘဝတူတိုင်းရင်းသားတွေ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲသွားမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကို ဖွဲ့စည်းတဲ့ တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁၄…