မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာတွေကို ထိုင်အစိုးရရဲ့ ဖမ်းဆီးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ တော်လှန်ရေးထောက်ပို့သူတွေကြောင့်”ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချီနေတဲ့အကြောင်း စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။  

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေဖြစ်တဲ့ Ko Thet ၊ ဟန်ငြိမ်းဦးစတဲ့ တယ်လီဂရမ်အကောင့်တွေကနေ ဝါဖြန့် သတင်းအမှားတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မြန်မာကနေ ထိုင်းနိုင်ငံထဲ တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့  အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းစစ်တပ်က ဖမ်းဆီး ထောင်ချတာတွေ ဆက်လိုက်ပြုလုပ်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ လွတ်လပ်သော မြန်မာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မြန်မာကနေ ထိုင်းနိုင်ငံထဲ တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့ မြန်မာ ၁၁၆ ဦးကို ဖေဖော်ဝါရီ ၁၈ ရက် နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲက စံခလဘူရီမြို့မှာ ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ် အဆာဒဝွတ် ပန်ရာရချွန်က ထိုင်းမီဒီယာတွေမှာ ပြောထားချက်ကို BBC သတင်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဘန်ကောက်မြို့လယ်မှာရှိတဲ့ MBK ကုန်တိုက်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ မြန်မာအများစုအပါအဝင် အယောက် ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ RFA သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ဈေးရောင်းနေတဲ့ မြန်မာတွေ အထောက်အထား မရှိသူတွေ ဖမ်းခံရပြီး အဓိကကတော့ ထိုင်းလူမျိုးတွေပဲ လုပ်ခွင့်ရှိတဲ့ နေရာတွေနဲ့ လုပ်ငန်းတွေမှာ မြန်မာတွေ ဝင်လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားမဝင်ခိုးဝင်တယ်ဆိုတဲ့ အချက်တွေကြောင့် ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်က ဖမ်းဆီးအရေးယူတာတွေ ရှိနေတယ်လို့ လွတ်လပ်သော သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တစ်ဝိုက်မှာ တရုတ်၊ မြန်မာစစ်ကောင်စီတို့နဲ့ ပူးပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်နေတာနဲ့တပြိုင်နက် မြန်မာအများစုနေထိုင်တဲ့ ဘန်ကောက်၊ ချင်းမိုင်နဲ့ မဲဆောက်မြို့တွေမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးတာတွေ နဲ့ လမ်းမတွေပေါ် ဖြတ်သန်းသွားလာရင်လည်း ဂိတ်တွေချကာ ဖမ်းဆီးမှုတွေ အခုလ ဖေဖော်ဝါရီလအတွင်း ပိုလုပ်လာတဲ့အကြောင်း ထိုင်းရောက် မြန်မာတွေက သတင်းမီဒီယာတွေကို ပြောပြထားပါတယ်။

RFA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/MVe2O

BBC မှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/IiqkW

thai new -Khaosod English မှာဖော်ပြထားတဲ့သတင်း

https://shorturl.at/6Recy

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.