February 18, 2025

စစ်အာဏာသိမ်း (၁၄၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၉၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၉ AAPP ရဲ့ ဖေဖော်ဝါရီ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၄၇၉) ရက်အတွင်း ပြည်သူ (၆၂၉၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၆၁၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၄၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တစ်နှစ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ စစ်ကောင်စီဖွင့်လှစ်ထား

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၉ နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားဖြည့်တင်းဖို့အတွက် ပြည် သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်နှစ်အတွင်း စစ်မှုထမ်း အပတ်စဉ် ၁၀ အထိ သင်တန်းဖွင့်လှစ်လာတာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့…

NUG တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေ ဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ NUG ရဲ့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးနဲ့တနင်္သာရီတိုင်းတို့မှာ ဇန် နဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ၄၅…

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကမမောင်းမြို့မှာ စစ်ကောင်စီ တပ်အင်အားတိုးချလာ

ကမမောင်း၊ ဖေဖော်ဝါရီ ၁၉ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အား ဖြည့်ဆည်းလာနေတယ်လို့ KNLA တပ်မဟာ ၅ ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေအပေါ်…

ပွင့်ဖြူမှာ စစ်ရှောင် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျလို့ ပြည်သူ ထိခိုက်မှု ရှိ

မကွေး ဖေဖော်ဝါရီ ၁၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက မဲဇလီရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ရှောင် ၃ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ “မဲဇလီစခန်းပေါ်က ပစ်တာလား။ ဘယ်ကပစ်တာလဲတော့ မသိဘူး။ဘုန်းကြီးကျောင်းထဲ ပေါက်တာ။…

DeepSeek က အသုံးပြုသူတွေရဲ့အချက်အလက်တွေကို တရုတ်ပိုင် ByteDance ကုမ္ပဏီဆီ ပေးပို့

ဆိုးလ် ဖေဖော်ဝါရီ ၁၈ တရုတ်အခြေစိုက် ဉာဏ်ရည်တုကုမ္ပဏီတစ်ခုကနေ ဖန်တီးထားတဲ့ DeepSeek မေးလိုရာမေး စက်ရုပ်ဝန်ဆောင်မှုက တောင်ကိုရီးယားနိုင်ငံသား အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို TikTok ကိုပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ဆီပေးပို့လိုက်တယ်လို့ ကိုရီးယားအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မရှင် PIPC က အချက်အလက်စုဆောင်းမှု လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့်…

စစ်မှုထမ်းတပ်သား သုံးဦး KNLA ထံ လက်နက်ချအလင်းဝင်

ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၈ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းတပ်သားသုံးဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား သုံးဦးဟာ စစ်ကောင်စီရဲ့ အမှတ် ၅၈၄ ခြေမြန်တပ်ရင်းက တပ်သား မြတ်မင်းသူ၊ တပ်သား ဝင်းမင်းကို၊ တပ်သား မိုးသောက်ယံတို့ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ဖေဖော်ဝါရီ…

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ ဗုံးကြဲခံရလို့ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ ဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ညောင်ပင်ကွင်းကျေး ရွာကို လေယာဉ်နဲ့ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။…

ကျားဖြန့်ဂိုဏ်းက နိုင်ငံခြားသားတစ်ထောင်ကျော် ပြန်လည်လွှဲပြောင်းမယ်

မြဝတီ ၊ ဖေဖော်ဝါရီ ၁၈ မြဝတီမြို့မှာ ထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်ငန်းက နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းဖို့ မြန်မာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ – ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင်အွန်လိုင်းလောင်း ကစားမှုတွေ ကျားဖြန့်လို့ခေါ်တဲ့…

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေဆိုတာ ဘာလဲ။

“ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာလည်း ဗဟိုအခြေပြုစဉ်းစားတဲ့ ယူဆတဲ့ ဖက်ဒရယ်စနစ်မျိုး မသွားဘဲနဲ့ ပြည်နယ်တွေကနေ အားကောင်းတဲ့ တည်ဆောက်တယ်ဆိုတဲ့ စနစ်မျိုး အတူတကွ သွားမယ်ဆိုတဲ့ စနစ်ပါပဲ” – ဦးအောင်ဆန်းမြင့် (အဖွဲ့ပြောခွင့်ရ) တော်လှန်ရေးကာလမှ စတင်ကာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ရေးဆွဲနေပြီလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ ဖေဖော်ဝါရီ ၁၂…