ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ မလော့ချောင်ကျေး ရွာနေ အသက် ၅၀ နှစ်အရွယ်ရှိ ဦးကျော်အောင်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
အဲလိုဖမ်းဆီးစဉ် ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ဦးကျော်အောင်ဟာ သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဦးကျော်အောင်ကို စစ်ကောင်စီတပ်က ကောက်ယူသွားပြီး လက်ရှိအချိန်အထိ မိသားစုထံ အလောင်းပြန်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးကျော်အောင်ဟာ လယ်ပိုင်ရှင်တစ်ဦးဖြစ်ပြီး လယ်ယာမြေအမှုခင်းအတွက် လာရောက်ဖမ်းဆီးစဉ် ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media