ကျိုက်ထို၊ ဖေဖော်ဝါရီလ ၁၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ဒေသတော်လှန်ရေးအဖွဲ့တွေ ရှိရာနေရာအနီး ဖေ ဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိကြောင်း မြေ ပြင်ရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတစ်စင်းနဲ့ လေ ကြောင်းကနေ ဗုံးကြဲတာ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးက ရွာအပြင်နားကို ကျရောက်ပြီး အဲဒီမှာရှိနေတဲ့ ရဲဘော်တချို့ ဗုံးစတွေထိမှန်ပြီး ထိခိုက်သေဆုံး ဒဏ်ရာရတာတွေဖြစ်ခဲ့တဲ့အကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားသွားနေတဲ့နေရာအကြောင်း သတင်းပေါက်ကြားခဲ့လို့ အခုလို စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိန္နဲကုန်းကျေးရွာအတွင်းက ဒေသခံ ၂၀၀ ကျော်ဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။
ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာနဲ့ အစူးချောင်းကျေးရွာတွေကို စစ်တပ်က Y12 လေယာဉ် နဲ့ ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media