January 2025

တိဗက်မှာ မြေငလျင်ကြောင့် လူ ၁၂၀ ကျော် သေဆုံးပြီးနောက် ကယ်ဆယ်ရေး အရှိန်မြှင့်

ဘေဂျင်း၊ ဇန်နဝါရီ ၈ တိဗက် ကုန်းမြင့်ဒေသရှိ ဟိမဝန္တာ တောင်ခြေမှာ အားပြင်းတဲ့ မြေငလျင် လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒေသခံ ၃၀၀၀၀ ကျော်ကို ပြန်လည်နေရာချထားပေးခဲ့ရပြီးနောက် ဇန်နဝါရီ ၈ ရက်မှာ ရှာဖွေကယ်ဆယ်ရေးကို ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် လုပ်ဆောင်နေကြောင်း တရုတ် အရာရှိတွေက ပြောပါတယ်။ လတ်တလော…

နေတိုးအဖွဲ့ဝင်တွေ ကာကွယ်ရေးအတွက် နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲဖို့ ထရန့် ပြော

ပမ်းလ်ဘိချ်၊ ဇန်နဝါရီ ၈ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ အမေရိကန်ရဲ့ ကာကွယ်ပေးမှုအတွက် ငွေလျှော့ပြီး သုံးစွဲနေကြတယ်လို့ ပြောဆိုထားခဲ့တဲ့ ဒေါ်နယ်ထရန့်က အဖွဲ့ဝင်တွေ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲကြဖို့ ဇန်နဝါရီ ၇ ရက်မှာ တွန်းအားပေးလိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက အဲဒီပမာဏကို တတ်နိုင်ကြပြီး ကာကွယ်ရေး အသုံးစရိတ်အတွက်…

တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“တောင်ငူလေတပ်စခန်း တိုက်ခိုက်ခံရတာမရှိကြောင်း”စစ်ကောင်စီဘက်က သ တင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၅ ရက်က…

တစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၈ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ…

ထားဝယ်အရှေ့တောဒေသ ဗုံးကြဲခံရလို့ အရပ်သား နှစ်ဦး ဒဏ်ရာရ

ထားဝယ်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကွမ်းချောင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။ ဗုံးကြဲမှုကြောင့်…

စစ်အာဏာသိမ်း (၁၄၃၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၁၂၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၈ AAPP ရဲ့ ဇန်နဝါရီ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၃၇) ရက်အတွင်း ပြည်သူ (၆၁၂၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၁၅၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၆၉၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်နယ်ထွက် နေလှန်းဆား ဝယ်လက်ပျောက်နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၈ မွန်ပြည်နယ်ကနေ ထွက်ရှိနေတဲ့ နေလှန်ဆားတွေဟာ ဆားပေါ်ကာလမှာ ဈေးကောင်းမရတဲ့အပြင် အရင်လို လာရောက်ဝယ်ယူသူမရှိဘဲ ဝယ်လက်ပျောက်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းက နေလှန်ဆားတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာတတိယအပတ်လောက်မှာ စတင်ထွက်ရှိခဲ့ပေမယ့် အဲဒီမတိုင်ခင်က နေလှန်းဆားတစ်ပိဿာကို ကျပ် ၁၇၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ကာ လက်ရှိမှာ တစ်ပိဿာ ကျပ်…

နေပြည်တော်ကလွဲပြီး ကျန်ဒေသတွေ လျှပ်စစ်မီးပိုပြတ်မယ်လို့ စစ်ကောင်စီအသိပေး

နေပြည်တော်၊ ဇန်နဝါရီ ၈ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို အချိုးကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်အားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှထုတ်လုပ်နိုင်မှုရဲ့၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၀၀ မဂ္ဂါဝပ်သာ ဓာတ်အားထုတ်လုပ်နိုင်တာကြောင့် ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းကို လျှပ်စစ် ဓာတ်အား အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ အသိပေးလာတာပါ။…

မုဒုံမှာ ခရီးတင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုဖမ်းဆီး

မုဒုံ၊ ဇန်နဝါရီ ၈ မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး မုဒုံ – သံဖြူဇရပ်ကားလမ်းမှာ “မန္တလာမင်း” ခရီးသည်တင်ကားရဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်း ဆီးခေါ်ဆောင်သွားတယ် လို့ ယာဉ်လိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ မုဒုံမြို့ကနေ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်းလာတဲ့…

ပြိုင်ဖက်တွေကို အသံထက်ပိုမြန်တဲ့ ဒုံးကျည်အသစ်နဲ့ ထိန်းချုပ်မယ်လို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ ဇန်နဝါရီ ၇ ပစိဖိတ်ဒေသရှိ ပြိုင်ဖက် မှန်သမျှကို ယုံကြည်စိတ်ချစွာ ထိန်းချုပ်နိုင်မယ့် အသံထက် ပိုမြန်တဲ့ ထိပ်ဖူးတပ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အသစ်တစ်မျိုး စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။ နှစ်လအတွင်း ဒုတိယအကြိမ်အနေနဲ့ ဇန်နဝါရီ ၆ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဆိုးလ်မြို့သို့ ရောက်ရှိနေပြီး တောင်ကိုရီးယားခေါင်းဆောင်…