January 20, 2025

ထားဝယ်ခရိုင် တပ်ပေါင်းစုရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိနေလဲ။

“အောင်မြင်မှု အပြည့်အဝမရသေးတာတောင်မှ အရင်ကထက်စာရင် ကျွန်တော်တို့ တိုးတက်မှုကောင်းကောင်း တွေ့ရတယ်။ စစ်ကောင်စီဘက်ကလည်း တော်တော်လေးကို ထိတ်လန့်သွားတဲ့ အနေအထား တွေ့ရတယ်” – လောင်းလုံးမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈ ရက်မှာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်တို့ပါဝင်တဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂၃…

ရွေးကောက်ပွဲ မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဦးစားပေးရမယ်လို့ စစ်ကောင်စီကို အာဆီယံ တိုက်တွန်း

လန်ကာဝီ၊ ဇန်ဝါရီ ၂၀ စစ်ကောင်စီအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ချက်ချင်း ဆောင်ရွက်သင့်ပြီး ရွေးကောက်ပွဲက ဦးစားပေးရမယ့် ကိစ္စ မဟုတ်ဘူးလို့ အာဆီယံနိုင်ငံတွေက ဇန်ဝါရီ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ စစ်ခင်းနေတဲ့ အဖွဲ့တွေ အားလုံး တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးမှု…

ထရန့် ကတိပေးပြီးနောက် အမေရိကန်မှာ TikTok ဝန်ဆောင်မှု ပြန်လည် ရရှိ

ဝါရှင်တန်၊ ဇန်ဝါရီ ၂၀ ဇန်နဝါရီ ၂၀ ရက် သမ္မတရာထူး လက်ခံချိန်မှာ TikTok အက်ပလီကေးရှင်း ပြန်လည် သုံးစွဲခွင့်ပြုရေး အထူးအမိန့် တစ်ရပ် ထုတ်ပြန်သွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ပြောကြားလိုက် ပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ပြန်လည် အသုံးပြုခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်…

ရွှေစက်တော်ဘုရားပွဲတော် ဖွင့်လှစ်နိုင်ဖို့ ဈေးသည်တွေကို စစ်ကောင်စီ ဖိအားပေး

မကွေး ဇန်နဝါရီ ၂၀ မင်းဘူး ရွှေစက်တော်ဘုရားဖွင့်ဖို့အတွက် စျေးသည်တွေကို စစ်ကောင်စီ ဖိအားပေးခိုင်းစေတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့ကစလို့ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ထားမယ့် ရွှေစက်တော်ဘုရားပွဲမှာ စျေးလာရောင်းကြဖို့ ဖိအားပေးခေါ်ယူနေတာပါ။ “စာရင်းထဲမှာ မှတ်ထားမယ်ပေါ့။ အခုလာမရောင်းရင် နောက်မမျှော်လင့်နဲ့လို့ ပြောတယ်။ ပြီးတော့…

မြောက်ဦးမှာ AA အချုပ်ခန်း ဗုံးကြဲခံရလို့ တပ်မိသားစုဝင် ၂၈ ဦး သေဆုံး

မြောက်ဦး၊ ဇန်နဝါရီ ၂၀ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်ကျေးရွာအနီးမှာရှိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုတွေ ထားရှိတဲ့ အချုပ်ခန်း လေကြောင်းနဲ့ဗုံးကြဲခံရတာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ…

ပူးတွဲစစ်ဆင်ရေးလုပ်ဖို့ မွန်တပ်ဖွဲ့ ၄ ဖွဲ့ ရာမညစစ်ကြောင်း ဖွဲ့စည်း

မော်လမြိုင် ၊ ဇန်နဝါရီ ၂၀ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ရဲ့ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့က မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့…