မော်လမြိုင်၊ ဇန်နဝါရီ ၄

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အနေနဲ့ အကျဉ်းသား၊အကျဉ်းသူတွေကို လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသား၊အကျဉ်းသူတွေဟာ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အခုကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ လွတ်ငြိမ်း ခွင့်ပြုခဲ့တာပါ။

ထောင်ဒဏ်တစ်ကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ်တစ်သက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆံဆက်ရေးကို ရှေ့ရှုတဲ့အနေနဲ့ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသား၊အကျဉ်းသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.