မော်လမြိုင်၊ ဇန်နဝါရီ ၂
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ဖိအားတွေပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း AAPP က ဇန်နဝါရီ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
“သံတိုင်နောက်က ဘဝများ”အမည်နဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံရသူ ၇၅၃ ဦးရှိပြီး အဲဒီထဲက ၇၄၈ ဦးဟာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် တစ်နှစ်အတွင်း သတ်ဖြတ်ခံရသူ စုစု ပေါင်း ၁၇၉၁ ဦးရှိပြီး ရဲစခန်းမှာ သေဆုံးသူ ၁၂ ဦး၊ စစ်ကြောရေးမှာ သေဆုံးသူ ၁၅ ဦးနဲ့ အကျဉ်း ထောင်မှာ သေဆုံးသူ ၃၁ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ရဲစခန်း၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ ချုပ်နှောင်ကာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို မတရား ရယူဖို့ ကြိုးစားခဲ့တဲ့ လေးနှစ်နီးပါးကာလအတွင်း အောင်မြင်ခြင်းမရှိဘဲ နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအား ရက်စက်ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ် တကျ ကျင့်သုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဘယ်နည်းနဲ့မှ တရား ဝင်ဖြစ်ခွင့်မပေးဖို့နဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ခြင်းတွေကို တာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့အ တွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ AAPP က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP