2024

လောင်းလုံးမှာဒရုန်းဗုံးကျလို့ ကလေးတွေအပါအဝင် အရပ်သားငါးဦးဒဏ်ရာရ

လောင်းလုံး၊ အောက်တိုဘာ ၁၇ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာအတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ ဂေါ့အင်းကျေးရွာအနီး ပစ်ခတ်သံ တွေ ကြားရပြီးနောက် ကျေးရွာထဲဒရုန်းဗုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်ရှိုင်းဝဏ္ဏအောင်၊…

ဒီဇယ်ဆီဈေးကြီးမြင့်မှုကြောင့် ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံမယ်လို့ကြေညာ

မော်လမြိုင် ၊ အောက်တိုဘာ ၁၇ ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် အောက်တိုဘာ ၂၀ ရက်နေ့ကစပြီး မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက ကြေညာပါတယ်။ ရထားလက်မှတ်ခနှုန်းထားတွေ တိုးမြှင့်ကောက်ခံရတာဟာ ဒီဇယ်ဆီဈေးနှုန်း တိုးမြင့်လာမှုအပေါ် လက်ရှိဆီဈေးနဲ့ လိုက်လျောညီထွေမှု ရှိစေဖို့အတွက် လက်မှတ်ခနှုန်းထားတွေ ပြောင်းလဲပြင်ဆင် တိုးမြှင့်လိုက်ရတာလို့ ဆိုပါတယ်။ တိုးမြှင့်လိုက်တဲ့ ရထားလက်မှတ်ခ နှုန်းထားတွေအရ လေအိတ်ရထားတွဲဆိုင်းရဲ့…

ကျောက်တော်မြို့ ဗုံးကြဲမှု AA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ကျောက်တော်မြို့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော် AA တပ် ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက လုပ်ကြံဝါဒ ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်လော်ဘီတွေရဲ့…

ဒေါက်တာဇော်မြင့်မောင်သေဆုံးမှု NUG/PDF ကြောင့်လို့ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ရတာဟာ NUG /PDF/NLD ကြောင့် ဖြစ်တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေမှာ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီထောက်ခံအားပေး ဟန်ငြိမ်းဦးအပါအဝင် စစ်တပ်လော်ဘီတွေရဲ့…

ကော့သောင်းမှာ သန်းခေါင်စာရင်း ကောက်ပြီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီးအဖွဲ့ စီးနင်းခံလို့ နှစ်ဦးသေဆုံး

ကော့သောင်း၊ အောက်တိုဘာ ၁၆ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုမှာ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းခံရတာကြောင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာက ပျူစောထီအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အောက်တိုဘာ ၁၅ ရက်နေ့ ည…

တစ်ပတ်အတွင်း လူငယ် တစ်သန်းကျော် စစ်တပ်ထဲ ဝင်လာတယ်လို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ အောက်တိုဘာ ၁၆ အခုသီတင်းတစ်ပတ်အတွင်း လူငယ်အဖွဲ့အစည်း အရာရှိတွေနဲ့ ကျောင်းသားတွေ အပါအဝင် လူငယ် ၁ ဒသမ ၄ သန်းလောက် စစ်တပ်ထဲ ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ လူငယ်တွေဟာ ရန်သူတွေကို ဖျက်ဆီးပစ်ဖို့ တိုက်ပွဲဝင်ရေး ဆုံးဖြတ်ထားသူတွေ ဖြစ်တယ်လို့ KCNA သတင်းဌာနက…

အရှေ့အလယ်ပိုင်း ပဋိပက္ခ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်တယ်လို့ ကုလ သတိပေး

နယူးယောက် အောက်တိုဘာ ၁၆ အရှိန်ဆက်လက် မြင့်တက်လာနေတဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခထဲ ယီမင်နိုင်ငံ နောက်ထပ် ဆွဲသွင်းခံရနိုင်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်တယ်လို့ အာရပ်ကမ္ဘာရဲ့ အဆင်းရဲဆုံး ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အောက်တိုဘာ ၁၅ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။ စိတ်မကောင်းစရာက ယီမင်နိုင်ငံဟာ အရှိန်မြင့်တက်လာမှုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်နေတယ်လို့ အထူးကိုယ်စားလှယ် ဟန်းစ် ဂျီရွန်ဘာ့ဂ်က…

သာယာဝတီထောင်မှာ အချိန်မီဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

သာယာဝတီ၊ အောက်တိုဘာ ၁၆ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ ထောင်ပြင်ပဆေးရုံကို အချိန်မီ ပို့ဆောင်ပေးခြင်း မရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရပါတယ်။ အသက် ၄၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ဘားအံမြို့မှာ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှု…

သီပေါမြို့သိမ်းတိုက်ပွဲမှာ အရပ်သား ၃၃ ဦး သေဆုံး

သီပေါ၊ အောက်တိုဘာ ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ နှစ်လကျော်အကြာ အောက်တိုဘာ ၁၃…

စစ်အာဏာသိမ်း (၁၃၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၈၄၂) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၆ AAPP ရဲ့ အောက်တိုဘာ ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာ ဏာသိမ်းမှုကာလ (၁၃၅၃) ရက်အတွင်း ပြည်သူ (၅၈၄၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…