2024

ရီပက်ဘလေကန်ပါတီ မဲပေးသူတွေကို တစ်ရက် ဒေါ်လာ ၁ သန်း ပေးမယ်လို့ သူဌေးကြီး အီလွန်မက်စ် ကြေညာ

ဟာရစ်ဘာ့ဂ်၊ အောက်တိုဘာ ၂၁ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဒေါ်နယ်ထရန့်လိုလားတဲ့ လူထု ထောက်ခံပွဲ တစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အထိ တစ်ရက်ကို ဒေါ်လာ ၁ သန်းစီ ပေးမယ်လို့ ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်ရဲ့ ကတိပေး ပြောဆိုမှုကို ဥပဒေစည်းကြပ်ရေးဌာနတွေက စုံစမ်းစစ်ဆေးပေးဖို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဒီမိုကရက် အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှက်ပီရိုက အောက်တိုဘာ…

လားရှိုးက စစ်သုံ့ပန်း မိသားစုဝင် ၃၀ ကျော် MNDAA ပြန်လွှတ်

လားရှိုး၊ အောက်တိုဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုတော့ MNDAA နိုင်ငံရေးဌာနက နေရပ်ပြန်ပို့ဖို့အတွက် အောက်တိုဘာ ၁၆ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ…

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

တောင်ငူ၊ အောက်တိုဘာ ၂၁ ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်စစ်သည် လေးဦး သေဆုံးခဲ့ပြီး လေတပ်အရာရှိနှစ်ဦး အပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warrior Myanmar (BWM) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းအတွင်းကို…

ပုလောမှာ ကျောင်းသားအများစု လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်၊ လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေ

ပုလော၊ အောက်တိုဘာ ၂၁ တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်မှာ ကျောင်းသားအများစု လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်မှုကြောင့် လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေပြီး လက်ရှိမှာ အလောင်း ၁၁ လောင်း ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူပေါင်း ၉၀ ကျော် တင်ဆောင်လာတဲ့ ခရီးသည်တင် နှစ်ထပ် စက်လှေဟာ မနေ့…

မွန်တပ်ပေါင်းစုတစ်ခု ဖြစ်လာနိုင်ရေး အလားအလာ

မော်လမြိုင် ၊ အောက်တိုဘာ ၂၀ အာဏာသိမ်းမှုအပေါ် မွန်အသိုင်းအဝိုင်းတွေကြား မတူညီတဲ့ အမြင်သဘောထားတွေ ကွဲလွဲခဲ့ကြပေမယ့် ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်တွေအချင်းချင်း လက်ရှိမှာစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါတယ်။ ဒါပေမယ့် မြောက်ပိုင်းဒေသလိုမျိုး နည်းစနစ်ကျကျ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ထိရောက်တဲ့ စီမံကွပ်ကွဲမှုတွေနဲ့ ကျစ်လစ်ခိုင်မာတဲ့ ဒေသတွင်းတပ်ပေါင်းစုအသွင်ဖြစ်ဖို့အထိ မရောက်ရှိလာသေးပါဘူး။ ဒီအတွက်ကြောင့် မြို့သိမ်းစခန်းသိမ်းစစ်ဆင်ရေးတွေကို ဒီကနေ့အထိ လုပ်ဆောင်တာ မတွေ့ရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို…

လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

လောင်းလုံး၊ အောက်တိုဘာ ၂၀ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာခြောက်ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ တပ်အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ် အောက်ပိုင်းဘက်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာတော့…

ရေးတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး

ရေး၊ အောက်တိုဘာ ၂၀ မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲ ဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စံပြကျေးရွာသုသာန်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း…

အာဏာရ ဖျူထိုင်းပါတီကို ထိုင်းရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၁၉ အာဏာရ ဖျူထိုင်းပါတီကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးနေတာကြောင့် ပါတီ ဖျက်သိမ်းခံရမှုအထိ ဦးတည်သွားနိုင်တယ်လို့ ထိုင်းသတင်းဌာနတွေက အောက်တိုဘာ ၁၈ ရက်မှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပါတီရဲ့ လုပ်ဆောင်ချက်တွေမှာ တိုက်ရိုက် ဒါမှမဟုတ် တိုက်ရိုက်မဟုတ်ဘဲ သြဇာလွှမ်းမိုး ချယ်လှယ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့…

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပွားနေကြောင်း NUG ဝန်ကြီး ပြော

ရောမ၊ အောက်တိုဘာ ၁၉ လာမယ့်နှစ်မှာ စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ သူတို့ကိုယ် သူတို့ တရားဝင် ဖြစ်စေရေး ဝါဒဖြန့်မှု တစ်ခုထက် မပိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်း ဖြစ်ပွားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက AsiaNews သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ…

ကျုံဒိုးမှာ စစ်တပ်လက်နက်ကြီးကြောင့် အဘိုးအိုတစ်ဦးသေဆုံး

ကျုံဒိုး၊ အောက်တိုဘာ ၁၉ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘိုးအိုတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်မှာ အမှတ်၂၃၁ ခြေမြန်တပ်ရင်းလက်အောက်ခံ တပ်သစ်အမြောက်ကုန်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီး ခြောက်လုံးပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာနေ…