2024

စစ်အာဏာသိမ်း (၁၀၇၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၉၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၉ AAPP ရဲ့ ဇန်နဝါရီ (၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၂) ရက်အတွင်း ပြည်သူ (၄၂၉၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်မှာ စပ်ဆေးသုံးစွဲမှုမြင့်တက်လာလို့ အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေရှိလာ

မော်လမြိုင် ၊ ဇန်နဝါရီ ၈ မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ပြည့်နီးပါးကာလအတွင်း အခြေခံပြည်သူတွေဟာ ဆေးကုသစရိတ်နဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် စပ်ဆေးတွေကိုသာ အဓိကအသုံး ပြုလာတာကြောင့် အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေ ရှိလာတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးဝါးပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ တင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်း ပြတ်လပ်တာ၊ မြန်မာငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာတာအပြင် လက်ကျန်ပစ္စည်းနည်းပါးတဲ့အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာတာပါ။…

ရှမ်း-ကယားနယ်စပ်က တော်လှန်ရေးတပ်တွေ ရိက္ခာအခက်အခဲရှိလာ

မိုးဗြဲ၊ ဇန်နဝါရီ ၉ ကရင်နီပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ရေးအသုံးစရိတ်ကြီးမြင့်လာမှုနဲ့အတူ ရိက္ခာအခက်အခဲတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်စပြီး စစ်ကောင်စီတပ်ကို ပြင်း ထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်ရေးအရှိန်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အနည်းဆုံး ဆန်အိတ် ၂၀၀ ကနေ…

မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် တစ်နှစ်အတွင်း အရပ်သား ၄၀ နီးပါး ထိခိုက်သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၉ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၃၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်လက်တွေအရ သိရပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဟာ စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ဒေသတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ အကြိမ်…

အတိုက်အခံမပါတဲ့ ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အနိုင်ရ

ဒါကာ၊ ဇန်နဝါရီ ၉ အတိုက်အခံပါတီတစ်ခု သပိတ်မှောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ၅ ကြိမ်မြောက် ရာထူးသက်တမ်းအတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထပ်မံအနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။ မဲပေးသူ ၄၀ ရာခိုင်နှုန်းလောက် လျှော့နည်းခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲပြီးနောက် ဟာစီနာရဲ့ အာဏာရပါတီ Awami League အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူက…

နယ်စပ်လုံခြုံရေး ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့ တရုတ် ကတိပြု

နေပြည်တော် ၊ ဇန်နဝါရီ ၉ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး အောင်ပွဲရကြောင်း လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားချိန်မှာ မြန်မာစစ်ကောင်စီနဲ့ တရုတ်တို့ဟာ နေပြည်တော်မှာ နယ်စပ်လုံခြုံရေး ကိစ္စဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဆွန်ဝေဒေါင်းနဲ့ တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နဲ့ ပူးပေါင်းပြီး နယ်စပ်လုံခြုံရေး ထိန်းသိမ်းရေးနဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ သဘောတူခဲ့ကြပါတယ်။…

တပ်အင်အား ၂၀၀ နီးပါးရှိတဲ့ တောင်ရှည်တောင်ဗျူဟာတစ်ခုလုံး AA ထံ လက်နက်ချအညံ့ခံ

ကျောက်တော်၊ ဇန်နဝါရီ ၈ ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံး လက်နက်ချအညံ့ခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၈ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၂၀၀ နီးပါးရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံး AA ထံ လက်နက်ချအညံ့ခံပြီးနောက် တခြားတပ်စခန်းတွေကလည်း လက်နက်ချ…

မြိုင်မှာစစ်ကောင်စီထောက်ပို့စစ်ကြောင်းတိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိနိုင်

မြိုင် – ဇန်နဝါရီ ၈ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦးထိခိုက်သေဆုံးနိုင်တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မြိုင်မြို့နယ်ကနေ ကန်နီပျူစောထီးရွာကို သွားတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတာပါ။ “တိုက်ခိုက်မှုကြောင့် မြိုင်မြို့နယ်အတွင်းမှ ထွက်မလာရဲဘဲ…

သိန္နီမြို့အခြေစိုက် စကခ ၁၆ စစ်ဌာနချုပ် အပြီးသတ်သိမ်းပိုက်ခံရ

သိန္နီ၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်၊ သိန္နီမြို့အခြေစိုက် စကခ ၁၆ လို့ လူသိများနေတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ညီနောင်မဟာသုံးဖွဲ့နဲ့အတူ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့ တွေက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က ထုတ်ပြန်ပါတယ်။ စကခ ၁၆ စစ်ဌာနချုပ်ကို သိမ်းပိုက်ဖို့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး သိန်းနီမြို့မှအထွက် နမ်မတူချောင်း…

KNU တောင်ငူခရိုင်က စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံစွန့်ခွာထွက်ပြေး 

ထန်းတပင်၊ ဇန်နဝါရီ ၈ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဒေးလိုကျေးရွာအုပ်စု အခြေစိုက် စစ်ကောင်စီတပ်စခန်း တစ်ခုလုံး ထပ်မံစွန့်ခွာထွက်ပြေးသွားတဲ့အတွက် မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တပ်စွဲထားတဲ့ သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ လုံခြုံရေး…