2024

တပ်ချုပ်နေရာ အစားထိုးလိုက်ရင် စစ်တပ်ရဲ့ရှုံးပွဲကို ကာကွယ်နိုင်မှာလား

နေပြည်တော် ၊ ဇန်နဝါရီ ၂၁ တစ်ကျော့ပြန်အာဏာသိမ်းမှု သုံးနှစ်ပြည့်ခါနီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာမှာ လူ စားလဲဖို့ အမျိုးသားရေးတက်ကြွသူ ပေါက်ကိုယ်တော်လို့ လူသိများတဲ့ ဦးအရိယာဝံသနဲ့ တပ် ထောက်ခံသူတွေက ပထမဆုံး တောင်းဆိုလာကြပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ပေါက်ကိုယ်တော်ကနေ ဦးဆောင်ပြီး ကိုးကန့်အဖွဲ့ MNDAA စစ်သားတစ်ဦးက စေတီကိုတူနဲ့ထုတဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုမှာ…

တပ်တွင်းအသေအပျောက်များလာလို့ ပြည်သူ့စစ်ရရှိရေး စစ်ကောင်စီနည်းလမ်းမျိုးစုံသုံးလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၁ နိုင်ငံအနှံ့စစ်ရှုံးပြီး တပ်တွင်းအသေအပျောက်များလာတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးလာတာကြောင့် ဒေသတချို့မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအကြောင်းပြချက်နဲ့ ပြည်သူ့စစ်ရရှိရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းလာပါတယ်။ စစ်ကောင်စီဟာ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ဖိအားပေးညွှန်ကြားတာတွေရှိတယ်လို့ ဒေသခံတွေနဲ့ သံ လွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းပေးတွေဆီက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေဟာ လူဦးရေ…

ကျိုက်ထိုမှာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ ၂၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေ ဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါ တယ်။ အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးဟာ မြေးဖြစ်သူကို ကျောင်းကြိုဖို့ နေအိမ်ကနေ ဆိုင်ကယ်ထွက်လာစဉ် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပစ်ခတ်ရှင်းလင်းခဲ့တာ…

ဒုံးကျည်အစားထိုး လေဆာလက်နက်ကို ဗြိတိန်စစ်တပ် စမ်းသပ်အာင်မြင်

လန်ဒန်၊ ဇန်နဝါရီ ၂၁ ဗြိတိန်စစ်တပ်က ပထမဆုံးအကြိမ်အနေနဲ့ ဝေဟင်ပစ်မှတ်တစ်ခုကို စွမ်းအာမြင့် လေဆာလက်နက်နဲ့ ပစ်ခတ်ပြီး အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နဂါးမီးလို့အမည်ပေးထားတဲ့ လေဆာလက်နက်စမ်းသပ်မှု အောင်မြင်တာကြောင့် ဒရုန်းတွေလို ပစ်မှတ်မျိုးတွေကို ပစ်ချဖို့ သုံးတဲ့ ဒုံးကျည်တွေနေရာမှာ တန်ဖိုးနည်းလက်နက်အနေနဲ့ အသုံးပြုနိုင်ဖို့ ဗြိတိန်စစ်တပ်က မျှော်လင့်ထားတာပါ။ အဲဒီလေဆာလက်နက်ဟာ ၁ စလင်ပေါင် ဒင်္ဂါပြား တစ်ပြားကို ၁…

ပူတင်တပ်ကို တိုက်ခိုက်ဖို့ ရုရှားစေတနာ့ဝန်ထမ်းတပ် ယူကရိန်းစစ်တပ်နဲ့ပူးပေါင်း

မော်စကို၊ ဇန်နဝါရီ ၂၁ ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ပူတင်ရဲ့တပ်တွေကိုတိုက်ခိုက်ဖို့ ရုရှားနိုင်ငံသား စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်း စစ်တပ်နဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။ သူတို့ဟာ ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့နွေရာသီက ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့သစ် ဖြစ်ပြီး ယူကရိန်းစစ်တပ်ရဲ့ တရားဝင်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆိုက်ဘေးရီးယားတပ်ရင်းနဲ့ ပူးပေါင်းထားတာပါ။ တပ်ဖွဲ့ဝင်အများစုဟာ ရုရှားအရှေ့ဖက်စွန်းက လူနည်းစုဝင် လူမျိုးတွေဖြစ်သလို ယူကရိန်းကို ရုရှားရဲ့…

ရေဖြူမှာ ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ရေဖြူ၊ ဇန်နဝါရီ ၂၀ တနင်္သာရီတိုင်း၊ ထာဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့စစ်(ဒေသအ ခေါ် ပျူစောထီး) ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် ဦးလားလားဟာ အခုလ ဇန်နဝါရီ ၁၆ ရက်…

သရက်မှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ရဲတွေကို PDF တိုက်ခိုက်

သရက် – ဇန်နဝါရီ ၂၀ မကွေးတိုင်း၊သရက်မြို့နယ်မှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ၂ ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က သရက်မြို့နယ် ဆင်ကော်ရဲစခန်းက ရဲ ၄ ဦးဟာ အနီးပတ်ဝန်း ကျင်က ကျေးရွာတွေကနေ ဆက်ကြေးကောက်ပြီး အပြန်မှာ…

ရေးကြိုးတံတားဂိတ်စခန်း သိမ်းပိုက်ခံရ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ

ရေး၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ်၊ ရေးမြို့နယ်၊လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၇ နာရီ ၄၃ မိနစ်အချိန်ခန့်မှာ တော်လှန်ရေးအင်အားပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကြိုးတံတားဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF…

စစ်တိုက်လေယာဉ်ကို KIA ပစ်ချတာမဟုတ်ဘူးလို့ တပ်ထောက်ခံသူတွေ လိမ်လည်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့ နမ့်ဖတ်ကာအနီးမှာ စစ်တပ်လေယာဉ်ဟာ ကချင် လွတ်လပ်ရေးတပ် KIA ပစ်ချတာမဟုတ်ဘဲ စက်ချို့ယွင်းပြီး ပျက်ကျသွားတာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေက သတင်းမှားဖြန့်နေတဲ့အကြောင်းကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ မှိုင်းဝေ၊…

KNU နယ်မြေမှာ စစ်ရှောင်ဒုက္ခသည် ၇ သိန်းခွဲကျော်အထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၀ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်တာကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် ၇ သိန်းခွဲကျော်အထိ ရှိလာတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေ ကြောင်းတိုက်ခိုက်မှုတွေအပြင် အမျိုးမျိုးသော အကြမ်းဖက်မှုလုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက် တစ်နေ့တခြား စစ်ရှောင်ပြည်သူတွေ ပိုတိုးလာတာ…