2024

သထုံလေ့ကျင့်ရေးတပ်က ထွက်ပြေးလာတဲ့ တပ်သားသစ် ၆ ဦး ပစ်သတ်ခံရ

သထုံ၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ် ၆ ဦး ပစ်သတ်ခံရတာကြောင့် သေ ဆုံးသွားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံက စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အမှတ်(၉) လေ့ကျင့်ရေးကျောင်းကနေ လက်နက်နဲ့တကွ ထွက် ပြေးလာတဲ့ တပ်သားသစ် ၉…

KNU နယ်မြေထဲ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၃ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က KNU သထုံမြို့နယ် တက်တူးကုန်းကျေးရွာထဲကို စစ်ကောင်စီ…

စစ်တပ်မကောင်းကြောင်းပြောသူတွေရဲ့ ပိုင်ဆိုင်မှု သိမ်းဆည်းဖို့ ရုရှား စီစဉ်နေ

မော်စကို၊ ဇန်နဝါရီ ၂၃ ရုရှားစစ်တပ်မကောင်းကြောင်းပြောတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်ပြုမယ့် ဥပဒေ ပြဌာန်းဖို့ ပါလီမန်က လုပ်ဆောင်နေတယ်လို့ အကြီးတန်းလွှတ်တော် အမတ်တစ်ဦးက ပြောပါတယ်။ State Duma လို့ခေါ်တဲ့ ရုရှားအောက်လွှတ်တော် ဥက္ကဋ္ဌ ဗီယာချက်စလေ့ဗ် ဗိုလိုဒင်က ရုရှား အပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုသူတွေနဲ့ အစွန်းရောက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ လူသိရှင်ကြား လှုံ့ဆော်သူတွေကို အဲဒီဥပဒေနဲ့…

အမေရိကန်မှာ ဆောင်းရာသီ မုန်တိုင်းတွေကြောင့် လူ ၉၀ နီးပါးသေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ဆောင်းရာသီ မုန်တိုင်းတွေကြောင့် နိုင်ငံတဝှမ်း လူ ၉၀ နီးပါးသေဆုံးပြီးနောက် အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ဆောင်းမုန်တိုင်းကြောင့် တန်နက်စီပြည်နယ်မှာ ၂၅ ဦးနဲ့အော်ရီဂွန် ပြည်နယ်မှာ ၁၆ ဦးသေဆုံး ထားသလို နိုင်ငံတဝှမ်းက ဒေသတော်တော်များများမှာလည်း လျှပ်စစ်မီးပြတ်တောက်နေတယ် လို့ သိရပါတယ် ပြီးခဲ့တဲ့သီတင်းပတ်က ရာသီဥတုအခြေအနေကြောင့် သေဆုံးသူ ၈၉…

စစ်တပ်လက်နက်ကြီးကြောင့် ယောဒေသမှာ  ၄ ဦးသေဆုံး

ဂန့်ဂေါ – ဇန်နဝါရီ ၂၂ မကွေးတိုင်း၊ဂန့်ဂေါခရိုင် ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အနောက်ဂန့်ဂေါကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့ပြီး သားအမိနှစ်ဦးသေဆုံးခဲ့ကာ ထီးလင်းမြို့နယ် တောရောင်းရွာမှာလည်း ဇန်နဝါရီလ ၂၁ ရက်နေ့ က…

ဘန်ကောက်မှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေ ရေခဲသေတ္တာထဲတွေ့ရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘန်းခွန်သီယန်ဒေသမှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသား တစ်ဦးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲမှာ တွေ့ရှိထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘန်ကောက်မြို့တောင်ဘက် အစွန်ဆုံးဒေသမှာရှိတဲ့ အဆောက်အဦး တခုရဲ့ လေးလွှာမှာရှိတဲ့ အခန်းထဲက အဖြူရောင်ရေခဲသေတ္တာတစ်လုံးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ရေခဲသေတ္တာထဲမှာ ခြေထောက်ကိုတွေ့ရှိခဲ့တာဖြစ်ပြီး အခန်းထဲနဲ့ ရေချိုးခန်းထဲမှာလည်း သွေး…

ပခုက္ကူမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးဆိတ်တွေ သေဆုံးမှု မြင့်တက်လာ

ပခုက္ကူ – ဇန်နဝါဝါ ၂၂ မကွေးတိုင်း၊ပခုက္ကူခရိုင်မှာ အိမ်မွေးဆိတ်တွေသေဆုံးမှုများလာတာကြောင့် တိရိစ္ဆာန်ကုသတဲ့ ဆရာဝန်လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသခံတွေကတော့ ဘဲ့နာကိုခေါ်တဲ့ ကူးစက်ရောဂါတမျိုးဖြစ်တယ်လို့ ယူဆထားပြီး လတ်တလောမှာ ဆိတ်တွေနေ့စဉ်သေဆုံးတာတွေရှိနေတာပါ။ “နိုင်ငံရေးအခြေအနေကလည်းမကောင်းတော့ တိကုတွေမလာကြတော့ဘူး။ ဒေသက သူ့နည်း သူ့ဟန်နဲ့ ကုနေတာတော့ရှိတယ်။ ဒါပေမယ့် သေဆုံးနှုန်းက လျှော့မရသွားဘူး”လို့ ပေါက်ဒေသခံ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင်…

ပအိုဝ်းမှာ PNLO နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ဟိုပုံး – ဇန်နဝါရီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ် စံဖူးရွာအနီးမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLO/PNLA နဲ့ စစ်ကောင်စီရဲ့ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ညှိနှိုင်းပြီး သဘောတူညီမှုရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်းက PNLO တပ်ဖွဲ့ဝင်တွေ လက်နက်သယ်ဆောင်လာတဲ့ ယာဉ်ကို…

အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာ

ကျောက်မဲ ၊ ဇန်နဝါရီ ၂၂ ရှမ်းမြောက်မှာ နှစ်ဘက်တပ်တွေ အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာတယ်လို့ မြေပြင်အချက်အလက်ကို အခြေခံပြီး သံလွင်တိုင်းမ်ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်မှု ၇၂…

မော်လမြိုင်မှာ တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

မော်လမြိုင်၊ ဇန်နဝါရီ ၂၂ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့ တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မော်လမြိုင်မြို့ ဂွေးကုန်းရပ်ကွက် မော်လမြိုင်-ကျိုက်က္ခမီလမ်းမကြီးမှာ Probox…