2024

သထုံမှာ စစ်ကောင်စီစစ်ကြောင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့

သထုံ၊ ဖေဖော်ဝါရီ ၁၅ ကရင်အမျိုးသားအစည်းအရုံး KNU သထုံမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ စကခ – ၈ လက်အောက်ခံ အမှတ်(၄၀၉) ခြေမြန်တပ်ရင်း စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၁ ရက်နေ့က ဝီယော်စခန်းကနေ ထုံးဘိုကြီးကျေးရွာထဲ…

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ မြောက်ဦးက ပြည်သူတွေဟာ လက်နက်ကြီးကြောင့် သေဆုံးတာလို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကိုဖမ်းဆီးပြီး အချုပ်ခန်းထဲမှာ အစုလိုက်အပြုံလိုက်မသေမချင်းပစ်သတ်အလောင်းဖျက်ခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးသူတွေဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေ သတင်း မှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို နေပြည်တော်၊ဟန်ငြိမ်းဦး၊ Saw Ba…

ရေးအခြေစိုက် ခလရ(၁၀၆)တပ်ရင်း တိုက်ခိုက်ခံရ

ရေး၊ ဖေဖော်ဝါရီ ၁၅ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေလျင် တပ်ရင်းကို လက်နက်ကြီး RPG နဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျား တပ် (ဒေါနတပ်ခွဲ-၃)တာဝန်ရှိသူ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခလရ(၁၀၆)တပ်ရင်းကို ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-၃)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့တာ…

တောင်စွန်းလျှပ်စစ်ရုံး မိုင်းခွဲခံရလို့ ဝန်ထမ်း ၁ ဦးဒဏ်ရာရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၁၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံး မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိပြီး တစ်ရုံးနီးပါးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တောင်စွန်းလျှပ်စစ်ရုံးကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးစောင့်ဝန်ထမ်း ဦးထွန်းထွန်းဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး…

မြိုင်ကိုရိက္ခာပို့တဲ့ စစ်ကြောင်းတိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိ

မြိုင် – ဖေဖော်ဝါရီ ၁၅ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ တဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိပြီး စစ်လက်နက်ပစ္စည်းတချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင် ပ.က.ဖက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကန်နီရွာကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းဟာ သံပုရာခြံရွာ အနောက်ဖျားမှာ ကင်းယူထားစဉ် ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ “ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ ပြည်သူ့အိုးအိမ်တွေကို…

မွန်ဟင်္သာကြီး စစ်ကြေညာချက်နဲ့ နိုးထလာ

ရေးချောင်းဖျား ၊ ဖေဖော်ဝါရီ ၁၅ အာဏာသိမ်းမှုသုံးနှစ်အတွင်း NCA စာချုပ်အပေါ် ရပ်တည်ခဲ့တဲ့ မွန်ပြည်သစ်ပါတီက မွန်ပြည်သူ လူထုတွေ ကြားချင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ့် သတင်းစကားကို ဖေဖော် ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ အသိပေးကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ကို မွန်ပြည်သစ်ပါတီရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းတွေ၊…

စစ်မှုထမ်းဟောင်းတွေ ပြန်ခေါ်ဖို့ အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီအသက်သွင်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၅ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှု ထမ်းဟောင်းတွေကို ပြန်ခေါ် နိုင်ဖို့အတွက် အရန်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ အာဏာတည်စေတယ်လို့ ကြေညာလိုက်ပါတယ်။ အရန်တပ်ဖွဲ့ဥပဒေဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ၁၄ နှစ်အကြာမှာ စစ်ကောင်စီက အသက်သွင်းခဲ့တာ…

သထုံတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးတယ်လို့ KNU ပြော

သထုံ၊ ဖေဖော်ဝါရီ ၁၄ မွန်ပြည်နယ် သထုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေ ဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က သထုံမြို့နယ် ထုံးဘိုးကြီးဒေသဘက်ကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုး…

ရေးခရိုင်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရ

ရေး၊ ဖေဖော်ဝါရီ ၁၅ မွန်ပြည်နယ်၊ ရေးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးခရိုင်ထွေအုပ်ရုံးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့တဲ့အတွက် ရုံးအဆောက်အဦးအပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံးအဆောက်အဦး ခေါင်မိုး၊ မျက်နှာကျက်အပါ…

တရုတ်မှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် ဆရာ/ဆရာမ သန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးနိုင်

ဘေကျင်း – ဖေဖော်ဝါရီ ၁၅ တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် မူလတန်း ဆရာ/ဆရာမ ၁ ဒသမ ၅ သန်းကျော် နဲ့ အလယ်တန်းပြ ဆရာ/ဆရာမ ၃၇၀၀၀၀ လောက်ဟာ ၂၀၃၅ ခုနှစ်မှာ အလုပ် အကိုင် ဆုံးရှုံးရနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တည်းက ကလေးမွေးဖွားနှုန်းလျှော့ကျခဲ့တာဖြစ်ပြီး မူလတန်း…