ကျိုက်ထိုလူမှုကူညီရေးအသင်းဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ
ကျိုက်ထို၊ နိုဝင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်အခြေစိုက် ကော့စနိုင်လူမှုကူညီရေးအသင်းဝင် တစ်ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်ကို စစ်ကောင်စီရဲ့ ကျိုက်ထိုမြို့နယ်တရားရုံးကနေ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၀ အမိန့်ချမှတ်လိုက်တာပါ။…