2024

မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့တွေ အင်ဒိုနီးရှားမှာ တွေ့ဆုံဆွေးနွေး

ဂျာကာတာ ၊ အောက်တိုဘာ ၄ လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ညီလာခံ မတိုင်ခင် မြန်မာ့ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို အင်ဒိုနီးရှားက လက်ခံကျင်းပမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား အကြီးတန်းသံတမန် တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို အောက်တိုဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ…

လားရှိုးမြို့က တရုတ်ဘုံကျောင်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ

လားရှိုး၊ အောက်တိုဘာ ၄ ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က တရုတ်ဘုံကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။ လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ဂွမ်ယင်ဘုရားကျောင်းနဲ့ နေရာအချို့ကို စစ်ကောင်စီလေတပ်ကနေ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၄…

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီးကျလို့ ကလေးတွေအပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရ

ညောင်လေးပင်၊ အောက်တိုဘာ ၄ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ကလေးတွေအပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က KNU ရွှေကျင်မြို့နယ်ထဲမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကနေ…

မင်းတပ်မြို့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ စစ် တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ချင်းပြည်နယ် မင်းတပ်မြို့အနောက်ဘက်ရပ်ကွက်ရှိ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ သူတို့လက်ချက်မဟုတ်ဘူး”လို့ စစ်ကောင်စီက ဝါဒဖြန့် လုပ်ကြံသတင်းအမှား ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းနဲ့…

စစ်အာဏာသိမ်း (၁၃၄၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၄ AAPP ရဲ့ အောက်တိုဘာ ၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၁) ရက်အတွင်း ပြည်သူ (၅၇၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မော်လမြိုင်မှာ ရဲနဲ့ဒုစရိုက်သမားတွေပေါင်းပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်နေ

မော်လမြိုင် ၊ အောက်တိုဘာ ၄ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ် မြောက်လာတဲ့ဒုစရိုက်သမားတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ငွေညှစ်တာတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ခိုးမှု၊ လိမ်လည်မှုအပါအဝင် တခြားအမှုတွေနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဒုစရိုက်သမားတွေကို အသုံးချပြီး အပေါင်ဆိုင်၊ ဖုန်းအရောင်းဆိုင်နဲ့ ဆိုင်ကယ်အရောင်းဆိုင်တွေကို ပစ်မှတ်ထား…

သန်းခေါင်စာရင်းကာလ ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်နေ

ကော့ဘိန်း ၊ အောက်တိုဘာ ၄ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းတွေ ရရှိနိုင်ဖို့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက ညအချိန်လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လူဦးရေသန်းခေါင်စာရင်းကို စစ်‌ကောင်စီက နိုင်ငံတဝန်းအတိုင်းအတာနဲ့ အောက်တိုဘာ ၁ ရက်နေ့က စတင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုရှိခဲ့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာဘက်မှာလည်း စာရင်းကောက်ယူနေတာပါ။ ဒေသခံတစ်ဦးက သန်းခေါင်စာရင်းကောက်နေတဲ့ကာလမှာ…

တနင်္သာရီမှာ စစ်တပ်ဒရုန်းဗုံးကြောင့် ကလေးငယ်တစ်ဦးသေဆုံး

တနင်္သာရီ၊ အောက်တိုဘာ ၄ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အနောက်မော်တုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တို ၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ အမှတ် ၃၀၆ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံး နှစ်လုံးချပြီး တိုက်ခိုက်သွားခဲ့တာပါ။ စစ်ကောင်စီတပ်…

အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို မတိုက်ဖို့ ဘိုင်ဒန် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၃ အစ္စရေးကို အီရန်က ဒုံးကျည် အစင်းပေါင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက လက်စားချေ တိုက်ခိုက်နိုင်ခြေအပေါ် ကန့်ကွက်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ အီရန်က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။…

ကုလ အထွေထွေအတွင်းရေးမှူးချုပ်ကို အစ္စရေး ပြည်ဝင်ခွင့်ပိတ်ပင်

ဂျေရုစလင်၊ အောက်တိုဘာ ၃ မြို့တော် တဲလ်အဗစ်ကို အီရန်ရဲ့ တိုက်ခိုက်မှုအပြီး ချက်ချင်း ဆိုသလို ထွက်ပေါ်လာတဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကို ပြည်ဝင်ခွင့် တားမြစ်လိုက်ကြောင်း အစ္စရေးက အောက်တိုဘာ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။ အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုကို ကမ္ဘာ့နိုင်ငံအားလုံး နီးပါးက ပြစ်တင် ရှုတ်ချထားချိန်မှာ…