2024

KNU သထုံခရိုင်က ကျေးရွာပေါင်း ၄၀၀ နီးပါး စစ်ကောင်စီ သန်းခေါင်စာရင်းမကောက်နိုင်

သထုံ၊ အောက်တိုဘာ ၁၁ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀ နီးပါးမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိဘူးလို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေမှာ…

ကရင်ပြည်နယ်မှာ သန်းခေါင်စာရင်းလုံခြုံရေးအဖွဲ့တိုက်ခိုက်ခံရလို့ သုံးဦးသေဆုံး

ဘားအံ၊ အောက်တိုဘာ ၁၁ ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု ဝန်းစိန်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူမယ့်အဖွဲ့ကို လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်သုံးဦး သေဆုံးသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်က ဘားအံမြို့နယ် သာမညကျေးရွာ မြောက်ဘက် ဝင်းစိန်ကျေးရွာ၊ ဝင်းစိန်ဘုန်းကြီးကျောင်းမုဒ်ဝအနီးမှာ သန်းခေါင်စာရင်းကောက်ခံတဲ့အဖွဲ့ကို လက် နက်ကိုင်အဖွဲ့…

NUG နဲ့ စေ့စပ်ညှိနှိုင်းဖို့ အာဆီယံကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း

ဗီယန်ကျန်း၊ အောက်တိုဘာ ၁၀ အာဆီယံအနေနဲ့ နေပြည်တော်ရှိ စစ်ကောင်စီ တစ်ခုတည်းနဲ့ စေ့စပ်နေမယ့်အစား အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ စေ့စပ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရွမ်ယာက ပြောကြားပြီး အာဆီယံကို ဝေဖန်လိုက်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေဟာ အောက်တိုဘာ ၉ ရက်က လာအိုနိုင်ငံ ဗီယန်ကျန်း မြို့မှာ…

မြန်မာစစ်ပွဲတွေကို တားဆီးဖို့ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးလို့ ကုလကျွမ်းကျင်သူ ဝေဖန်

ဆစ်ဒနီ၊ အောက်တိုဘာ ၁၀ မြန်မာပြည်တွင်းစစ်ကို တားဆီးဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တစ်ဦးက အောက်တိုဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီကို ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှု မရရှိအောင် ပြုလုပ်ရေး တိုက်တွန်းလိုက်ပါတယ်။ အခြေအနေက ဆိုးရာကနေ ပိုဆိုးလာပြီး ကြောက်စရာကောင်းတဲ့ အခြေအနေသို့ ရောက်ရှိလာတယ်လို့…

စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၄၅၀ ကျော် သေဆုံး

မော်လမြိုင် ၊ အောက်တိုဘာ ၁၀ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သားပြည်သူ ၄၅၅ ဦး သေဆုံးပြီး ၈၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အ စီရင်ခံစာအရ သိရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ထုတ် အဲဒီအစီရင်ခံစာအရ အခုနှစ် မေလကနေ ဩဂုတ်လအထိ စစ်ကောင်စီကနေ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၈၂၀…

သီပေါမှာ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သီလရှင်တစ်ပါးပျံလွန်

သီပေါ၊ အောက်တိုဘာ ၁၀ ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင်တစ် ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ သီပေါမြို့ကို စစ်ကောင်စီတပ်မှ Y-12…

ပင်လည်ဘူးတိုက်ပွဲမှာ စစ်ကောင်စီထံမှ ဘိန်းဖြူအများအပြား သိမ်းဆည်းရမိ

ကောလင်း၊ အောက်တိုဘာ ၁၀ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ နောက်ဆုံးအခြေပြု ရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဩဂုတ် ၁၅ ရက်နေ့မှစပြီး စတင်တိုက်ခိုက်ခဲ့ကာ အချိန်နှစ်လနီးပါးအကြာ ၅၃ ရက်မြောက်နေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ…

စစ်အာဏာသိမ်း (၁၃၄၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၇၉၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၀ AAPP ရဲ့ အောက်တိုဘာ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင် ငံ တဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၄၇) ရက်အတွင်း ပြည်သူ (၅၇၉၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၅၂၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၄၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့…

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မွန်ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်

မော်လမြိုင် ၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့် ပြည်နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်တဲ့အတွက် တိကျမှန်ကန်တဲ့ အချက်အလက်ရရှိမှာ မ ဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်မှာလည်း ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်…

လုံခြုံရေးတာဝန်တွေမှာ ပြည်သူတွေပူးပေါင်းပေးဖို့ စစ်ခေါင်းဆောင်တိုက်တွန်း

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ပြည်သူတွေက လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပေးမယ်ဆိုရင် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုတွေ လျော့နည်းသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းမှာ ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအစည်းဝေး တက်ရောက်ချိန်မှာ စစ်ခေါင်းဆောင်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ ပြီးပြည့်စုံတဲ့ လုံခြုံရေးမရှိဘဲ လူထုပါဝင်တဲ့…