2024

ရေဖြူတံတား စစ်ဆေးရေးဂိတ်ကို PDF ဝင်စီး

ရေဖြူ၊ အောက်တိုဘာ ၁၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရေဖြူတံတား စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ တပ်အင်အား ၁၀ ဦးကျော် တပ်စွဲထားတဲ့ ရေဖြူတံတားထိပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။…

ကျိုက်ထိုမှာ PDF ဂိတ် လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ဖမ်းဆီးခံရ

ကျိုက်ထို၊ အောက်တိုဘာ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ထံ လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က စစ်ဗိုလ်လင်မယား…

မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်ပူးပေါင်းမှုတွေကို အသိအမှတ်ပြုသင့်တယ်လို့ စစ်‌ကောင်စီပြော

နေပြည်တော် ၊ အောက်တိုဘာ ၁၃ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအပါအဝင် ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့အပြုသဘောဆောင် ပူးပေါင်းမှုတွေကို အသိအမှတ်ပြုဖော်ပြသင့်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် အစည်းအဝေးကာလအ တွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်တဲ့ IIMM နဲ့ ကုလသမဂ္ဂ…

မွန်ပြည်နယ်မှာ ခရီးသွားတွေနဲ့ စည်ကားအောင် လုပ်ဆောင်မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ပြောဆိုချက် လက်တွေ့ကျခြင်းမရှိ

မော်လမြိုင် ၊ အောက်တိုဘာ ၁၃ မွန်ပြည်နယ်အတွင်း ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ စည်ကားအောင် လုပ် ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ပြောဆိုချက်ဟာလက်တွေ့ မကျဘူးလို့ ခရီးသွားဧည့်လမ်းညွှန်တွေက ပြောပါတယ်။ ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လာမယ့်ရက်ပိုင်းကာလဟာ ပိတ်ရက်ရှည်ဖြစ်တာကြောင့် ပြည်နယ်အတွင်းမှာ ဘုရားပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်တဲ့အတွက် ပြည် တွင်း၊ ပြည်ပခရီးသွားတွေ ဝင်ရောက်လာမှာ…

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

လောင်းလုံး၊ အောက်တိုဘာလ ၁၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညှင်းမော် ကျေးရွာအုပ်စုကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့လို့ ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အဲဒီနေ့ မနက် ၈ နာရီခန့်မှာ စစ်ကောင်စီအင်အား ၁ဝဝ ကျော်ခန့်ဟာ လောင်းလုံးမြို့ဘက်ကနေ ညှင်းမော်ရွာထဲကို ဝင်ရောက်လာတာကြောင့် ညှင်းမော်နဲ့ ညှင်းပုတ်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလည်း…

ရေးပင်လယ်ပြင်က ရေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုပိုများလာ

ရေး၊ အောက်တိုဘာလ ၁၃ ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်သူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်ကစပြီး ပင်လယ်ပြင်မှာငါးဖမ်းနေသူတွေကနေ တစ်ယောက် နှစ်ယောက်ကစလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရာကနေ အောက်တိုဘာ ၁၁ ရက်နေ့ထိ ရောဂါဖြစ်ပွားသူ ၄၀ ကျော်ထိဖြစ်လာပြီလို့ ဆိုပါတယ်။ လုံးဝပျောက်သွားတာမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားသူတွေထဲမှာ…

မုဒုံ အမှတ် ၃၁၈ အမြောက်တပ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

မုဒုံ၊ အောက်တိုဘာ ၁၂ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အောက်တိုဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ မနက် ၅ နာရီ ၃၀…

သံဖြူဇရပ်အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေး အသင်းသား ၃ ဦး အကြမ်းဖက် ပုဒ်မနဲ့ အမှုဖွင့်ခံရ

မော်လမြိုင်၊ အောက်တိုဘာလ ၁၂ သံဖြူဇရပ်မြို့ အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ အပါအဝင် ၃ ဦးကို အောက်တိုဘာ ၉ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တယ်လို့ အသင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီဘက်က ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းသားတွေကို ဖမ်းဆီးပြီး ရက်ပေါင်း ၂၀ ကျော် အကြာမှာ လူမှုကူညီရေးအသင်း ဥက္ကဌဖြစ်တဲ့…

မယ်ဆိုင်မြစ်တလျှောက်ရှိ တရားမဝင် အဆောက်အဦတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ ဆွေးနွေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၁၂ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဒေသမှာ ရေကြီးရေလျှံမှု ပြဿနာ ဖြေရှင်းဖို့ မယ်ဆိုင်မြစ် တလျှောက်မှာ ဆောက်လုပ်ထားတဲ့ တရားမဝင် အဆောက်အဦတွေနဲ့ ပတ်သက်လို့ မြန်မာနဲ့ ဆွေးနွေးဖို့ အရာရှိတွေ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ထိုင်း လက်ထောက်ဝန်ကြီးချုပ် ဖွန်သမ် ဝီချာယာချိုင်းက ကြေညာပါတယ်။ အဲဒီ ဒေသဟာ မကြာသေးခင်တုန်းက ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီး…

မြန်မာကို အထီးကျန်နိုင်ငံဖြစ်အောင် ပစ်မထားကြဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

ဗီယန်ကျန်း၊ အောက်တိုဘာ ၁၂ မြန်မာကို အထီးကျန်နိုင်ငံဖြစ်အောင် ပစ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပတဲ့ အာဆီယံညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ မြန်မာ့ပြဿနာကို ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးလည်း အရေးကြီးကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့တယ်လို့ အိန္ဒိယ…