December 2024

မုံရွာမြို့မရဲစခန်းမှာ LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

မုံရွာ၊ ဒီဇင်ဘာ ၂၇ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာမြို့မရဲစခန်းရှိ အချုပ်ခန်းမှာ LGBT တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်း သားတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ LGBT လိင်စိတ်ခံယူထားတဲ့ နိုင်ငံရေးအကျဉ်းသားဘုံဘုံဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအ ကြောတက်ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သေဆုံးခဲ့တာ…

ယူကရိန်း-ရုရှား စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

ဗာတီကန်စီးတီး၊ ဒီဇင်ဘာ ၂၆ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး ရုရှားနဲ့ ယူကရိန်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ အစဉ်အလာအရ မိန့်ကြားတဲ့ ခရစ်စမတ် မိန့်ခွန်းထဲမှာ ပုပ်ရဟန်းမင်းကြီးက နှစ်နိုင်ငံကြား ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေရေးနဲ့ ဆွေးနွေးညှိနှိုင်းရေး တံခါးကို ဖွင့်လှစ်ဖို့…

ဦးခေါင်းနဲ့အမြီးဖြူ လင်းယုန်ငှက်ကို အမေရိကန်ရဲ့ နိုင်ငံတော်အထိမ်းအမှတ်ငှက်အဖြစ် တရားဝင်သတ်မှတ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ဦးခေါင်းဖြူနဲ့ နှုတ်သီးဝါ အမဲလိုက်ငှက်တွေအတွက် ဂုဏ်ပြုတဲ့ ဥပဒေကို သမ္မတ ဂျိုး ဘိုင်ဒန်က ခရစ်စမတ် အကြိုနေ့က လက်မှတ်ရေးထိုး အတည်ပြုလိုက်တာကြောင့် ဦးခေါင်းနဲ့ အမြီးဖြူ လင်းယုန်ငှက်တွေဟာ အခုအချိန်မှာ အမေရိကန်ရဲ့ တရားဝင် နိုင်ငံတော် အထိမ်းအမှတ် ငှက်တွေ ဖြစ်လာပါတယ်။ အဲဒီ လင်းယုန်ငှက်တွေကို အမေရိကန် နိုင်ငံတော်သင်္ကေတ အဖြစ်…

NUG နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ကိုရီးယားအစိုးရအရေးယူနေပြီလို့ သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“NUG နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ကိုရီးယားအစိုးရက စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူနေတယ်”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ ၂၃…

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်း ဖြတ်သန်းခွင့် စစ်ကောင်စီပိတ်ပင်

မြိတ်၊ ဒီဇင်ဘာ ၂၆ တနင်္သာရီတိုင်း မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းပိုင်း ဖြတ်သန်းသွားခွင့်ကို စစ်ကောင် စီဘက်က ပိတ်ပင်ထားတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ နယ်မြေရှင်းလင်းရေးရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး အဲဒီလမ်းပိုင်းကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားခွင့်မပေးတော့ဘဲ ကားတွေကို ပြန်လှည့်ခိုင်းနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က လမ်းပိတ်ထားတာကြောင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာအနားမှာ ကုန်တင်ကားရာနဲ့ချီ ပိတ်မိနေပြီး ခရီးသွားကားတချို့ကတော့…

နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေသမျှ ပြည်သူ့တော်လှန်ရေး ဆက်ရှိမယ်လို့ NUCC နဲ့ NUG ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၆ နိုင်ငံရေးမှာ စစ်တပ် ပါဝင်နေသမျှ ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်နဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးလည်း အရှိန်အဟုန်နဲ့ ဆက်လက်တည် ရှိနေမယ်လို့ NUCC နဲ့ NUG က သဘောထားထုတ်ပြန်ပါတယ်။ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ လက်ရှိပြင်ဆင်မှုတွေအပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ရဲ့ တရားမဝင်…

စစ်အာဏာသိမ်း (၁၄၂၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၆ AAPP ရဲ့ ဒီဇင်ဘာ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၂၄) ရက်အတွင်း ပြည်သူ (၆၀၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၀၂၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်နယ်ထွက် ရော်ဘာဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

မော်လမြိုင် ဒီဇင်ဘာ ၂၆ မွန်ပြည်နယ်ကနေ ထွက်ရှိတဲ့ ရော်ဘာဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတတိယပတ်က စတင်ကာ ဆက်တိုက်ကျဆင်းလာတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဈေးနှုန်းအနေနဲ့ ဒီဇင်ဘာတတိယပတ် မတိုင်ခင်က ရော်ဘာတစ်ပေါင်ကို ကျပ် ၃၁၀၀ ကျော်အထိ ဈေးကောင်းရရှိခဲ့ရာကနေ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီးနောက် ဒီဇင်ဘာ ၂၅ ရက်မှာတော့ ကျပ် ၂၈၀၀ ဝန်းကျင်သာ ရှိတော့တာပါ။…

ရခိုင်တစ်ပြည်လုံး လွတ်မြောက်တော့မယ့် အောင်ပွဲအတွက် မွန်နဲ့ပအိုဝ်းအဖွဲ့တွေဂုဏ်ပြု

မော်လမြိုင် ဒီဇင်ဘာ ၂၆ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်တစ်ပြည်လုံး စစ်အာဏာရှင် စ နစ်‌အောက်ကနေ ပထမဆုံး လွတ်မြောက်တော့မယ့်အောင်ပွဲအတွက် မွန်နဲ့ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေက ဂုဏ်ပြုကြောင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သဝဏ်လွှာပေးပို့ပါတယ်။ အဲဒီသဝဏ်လွှာကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်ဆန့်ကျင်ရေး NMSP-AD ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ PNFC…

မြဝတီမြို့ ရွှေကုက္ကိုလ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူနှစ်ဦးအထိရှိ

မြဝတီ ဒီဇင်ဘာ ၂၆ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားကူးစက်မှု ဖြစ်ပွားရာကနေ လူနှစ်ဦးအထိ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသအာဏာပိုင်တွေက မြို့ထဲမှာရောင်းချနေတဲ့ လမ်းဘေးဈေးဆိုင်တွေနဲ့ ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနားရှိ စက်လှေဂိတ်တွေကိုဆက်လက်ပိတ်ခိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့ထဲမှာ ဒီဇင်ဘာလ တတိယအပတ်လောက်နေကစပြီး ဝမ်း ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားကူးစက်မှုတွေရှိခဲ့တာကြောင့် လူဦးရေ ၂၀၀ ခန့်ဟာ…