December 2024

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA တပ် ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

ထားဝယ်၊ ဒီဇင်ဘာ ၂၉ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မေတ္တာ -ထီးခီးနယ်စပ်လမ်းကို ကော်သူးလေတပ်မတော် KTLA ဘက်က ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။ မေတ္တာမြို့ကစပြီး ထီးခီးနယ်စပ်အထိ လမ်းမကြီးကို ယာဉ်ကြီး၊ ယာဉ်ငယ် ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကော်သူးလေတပ်မတော် KTLA…

စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှ မွန်အခွင့်အရေးရမယ်လို့ မွန်ပြည်သစ် AD ခေါင်းဆောင်ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၉ ဆွေးနွေးရေးနည်းလမ်းနဲ့ မွန်အခွင့်အရေး ရမှာမဟုတ်ဘဲ စစ်အာဏာရှင်တွေကို တိုက်ဖျက်နိုင်မှ မွန်အခွင့်အရေး မွန်ပြည်ရမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ခေါင်း‌ ဆောင်က ပြောပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၃ ကြိမ်မြောက် မွန်လူငယ်နေ့ အထိမ်းအမှတ်အတွက် မွန်ဘာသာနဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ NMSP…

အရက်မူးပြီး ယာဉ်မောင်းနှင်သူတွေကို ထိုင်းအစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်မယ်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ထိုင်းနိုင်ငံမှာ အရက်မူးပြီး ကားမောင်းသူတွေအနေနဲ့ မကြာခင် ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျွန်ရွမ်ရီယန်ကစ်က ကြေညာပါတယ်။ ယာဉ် မတော်တဆမှု လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ပိုမို တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းရေး ထိုင်းအစိုးရက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အထူးသဖြင့် အရက်မူးပြီး ကားမောင်းတာ၊…

အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ၂၅ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ထပ်မံပေးပို့မယ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၈ ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးကနေ မထွက်ခင် ဘိုင်ဒန်အစိုးရက ယူကရိန်းအတွက် စစ်ရေးအကူအညီ တတ်နိုင်သမျှ ပေးပို့ရေး ကြိုးပမ်းနေချိန်မှာ ယူကရိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ စစ်ရေး အကူအညီပေးရေး ကြေညာသွားမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ဒီဇင်ဘာ ၂၇ ရက်မှာ…

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် PDF ရဲဘော် ၇ ဦးကျဆုံး

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် PDF ရဲဘော် ၇ ဦးကျဆုံး မင်းတပ်၊ ဒီဇင်ဘာ ၂၈ ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းမှ ပြည်သူ့ကာ ကွယ်ရေး ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ရင်းက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉…

မာနယ်ပလော ပြန်လည်ရရှိမှုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းမှုကြောင့်လို့ KNU ပြော

ဘားအံ၊ ဒီဇင်ဘာ ၂၈ ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရရှိတာဟာ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့တွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပြီး ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဌာနချုပ်ဟောင်းကြီးကို သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့အခွင့်အလမ်း မိမိတို့လက်ထဲကို ပြန် လည်ရောက်ရှိလာပြီဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။ မာနယ်ပလောဒေသ ပြန်လည်ရရှိမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးရဲ့ ပြောကြားချက်ရုပ်သံကို KNU ဗဟိုက…

သံတွဲမြို့ ဗုံးကြဲမှု AA တပ်ဖွဲ့ဝင် အများအပြားသေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ရခိုင်ပြည်နယ် သံတွဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်”ဆိုပြီး စစ်ကောင်စီတပ် လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မုပ္ပလင်ဂိတ်တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးတာမရှိဘူးလို့ လိမ်လည်ဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “မွန်ပြည်နယ်က မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ မရှိဘူး”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့…

စစ်အာဏာသိမ်း (၁၄၂၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၈ AAPP ရဲ့ ဒီဇင်ဘာ၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၂၆) ရက်အတွင်း ပြည်သူ (၆၀၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၀၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ အတင်းအဓမ္မ စစ်ထဲအသွင်းခံရတဲ့ ၂၀၂၄

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၈ စစ်အာဏာရှင်စနစ်တော်လှန်သူတွေရဲ့ ထိုးစစ်တွေကြောင့် အင်အားယိုင်နဲ့လာတဲ့ စစ်ကောင်စီက လွန်ခဲ့တဲ့ ၁၄ နှစ်မှာ ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာဟာ လူငယ်တွေကို အဓမ္မ စစ်ထဲသွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ရှမ်းမြောက်က တပ်စခန်းတွေ ရာချီလက်လွှတ်ခဲ့ပြီး အင်အားပြုန်းတီးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်ခန်းရပ်ပြီးနောက် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀…