December 2024

မွန်တပ်ပေါင်းစုဖွဲ့ဖို့ ညှိနှိုင်းမှုစတင်

မော်လမြိုင် ၊ ဒီဇင်ဘာ ၆ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်စုတစ်စည်းတည်းဖြစ်ဖို့ နိုင်ငံရေးဦးဆောင်မှုရှိတဲ့ တပ်ပေါင်းစုဖွဲ့ရေး တာဝန်ရှိသူတွေကြား ညှိနှိုင်းဆွေးနွေးမှုရှိနေတယ်လို့ မွန်တော်လှန်ရေးအဖွဲ့ပြောခွင့်ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေကြား နိုင်ငံရေး၊ စစ်ရေးထိပ်ပိုင်းခေါင်း ဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တပ်ပေါင်းစုဖွဲ့ဖို့နဲ့ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေရဖို့ တိုင်ပင်ကြိုးစားနေဆဲလို့ ဆိုပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက လောလောဆယ်မှာ နည်းဗျူ…

တနင်္သာရီက ထုံခါ-မောတောင် ကုန်သွယ်ရေးလမ်း ဖြတ်သန်းသွားခွင့်ပိတ်

တနင်္သာရီ၊ ဒီဇင်ဘာ ၆ ထိုင်း မြန်မာနယ်စပ်ဖြစ်တဲ့ တနင်္သာရီမြို့နယ် မောတောင်မြို့မှာ စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာတာကြောင့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ ဒေသအခြေစိုက် ကော်သူးလေတပ်မတော် KTLA က ထုတ်ပြန်ပါတယ်။ မောတောင်မြို့မှာ စစ်ကောင်စီတပ်သားတွေက စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာတဲ့အပြင် ပျူစောထီးသင်တန်းအား အဓမ္မတပ်သားစုဆောင်းကာ သင်တန်းပေးနေပြီး မြို့အပြင်ဘက်…

သိမ်ဇရပ်မှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဒီဇင်ဘာ ၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး အထက်လူလေးကျေးရွာ သင်္ချိုင်းအနားမှာ ပြည် သူ့စစ် ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇေယျာအောင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၈…

အယုံအကြည်မရှိ အဆို မဲခွဲပြီးနောက် ပြင်သစ် အစိုးရ ပြိုလဲ

ပါရီ၊ ဒီဇင်ဘာ ၅ အယုံအကြည်မရှိ အဆို မဲခွဲမှုအတွင်း ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီယာ ထုတ်ပယ်ခံရပြီးနောက် အစိုးရတစ်ခုလုံး ပြိုလဲသွားပြီ ဖြစ်ပါတယ်။ သမ္မတ မက်ကရွန်က မိုက်ကယ်ဘာနီယာကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး သုံးလအကြာမှာပဲ သူ့အပေါ် အယုံအကြည် မရှိကြောင်း အဆိုကို လွှတ်တော် အမတ်တွေ တခဲနက် ထောက်ခံခဲ့ကြပါတယ်။ ဗြိတိန်က အီးယူကနေ…

တောင်ကိုရီးယား သမ္မတ ပုန်ကန်မှုနဲ့ စစ်ဆေးခံနေရ

ဆိုးလ်၊ ဒီဇင်ဘာ ၅ စစ်အုပ်ချုပ်ရေး ခေတ္တကြေညာမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ်ကို ရဲတပ်ဖွဲ့က ပုန်ကန်မှုနဲ့ စုံစမ်း စစ်ဆေးနေကြောင်း သိရပါတယ်။ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်ဖက်ဆိုင်ရာ အရာရှိတွေကို လွှတ်တော်အမတ်တွေက စစ်ဆေးမေးမြန်းချိန်မှာ အဲဒီအကြောင်းသိရှိထားတဲ့လူ အနည်းငယ်သာ ရှိပြီး ကာကွယ်ရေးဝန်ကြီးဟာ အဲဒီကြေညာချက်ကို သတင်းဌာနတွေက ဖော်ပြပြီးမှ သိရှိခဲ့တာ ဖြစ်တယ်လို့…

ရွှေဘိုထောင်မှာ ထောင်ဝင်စာတွေ့ခွင့် ငွေကျပ်သိန်းနဲ့ချီ ပေးဆောင်နေရ

ရွှေဘို၊ ဒီဇင်ဘာ ၅ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ ဧည့်တွေ့ခွင်ကို လုံခြုံရေးအကြောင်းပြပြီး ပိတ်ပင်ထားပေမယ့် ထောင်အာဏာပိုင်က ဧည့်တွေ့ခွင့်ဈေးကွက်တစ်ခုဖန်တီးကာ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းသားနဲ့ မိသားစုဝင်တွေ တွေ့ဆုံနိုင်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို အခုနှစ် ဇွန်လမှစပြီး လုံခြုံရေးအကြောင်းပြကာ ပိတ်ပင်ထားခဲ့တာပါ။ အကျဉ်းထောင်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး…

ကော့သောင်းမှာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးခံရ

ကော့သောင်း၊ ဒီဇင်ဘာ ၅ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ညက ဆယ်မိုင်ကျေးရွာအုပ်စုရှိ ဆယ်မိုင်ကျေးရွာနေ အသက် ၅၀ ဝန်း ကျင်အရွယ် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့…

သုံးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၅၀ ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၅ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ သုံးလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၅၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ သုံးလအတွင်း စစ်ကောင်စီလက် ချက်ကြောင့် အသက်…

အသားငါးကအစ ကုန်ဈေးနှုန်းကြီးမြင့်လာတယ်လို့ စစ်ခေါင်းဆောင်ဝန်ခံ

နေပြည်တော် ၊ ဒီဇင်ဘာ ၅ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း အသား၊ငါးနဲ့ အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းကြီးမြင့်လာမှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံလိုက်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးမှာ အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းကြီးမြင့်မှုတွေ တွေ့ရှိနေရတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုသွားခဲ့တာပါ။ ကုန်ဈေးနှုန်းကြီးမြင့်နေတာကြောင့် ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးအပါအဝင် ပြည်နယ်အ…

ရွေးကောက်ပွဲကျင်းပဖို့ တရုတ်နဲ့ ရုရှားဆီက အကူအညီရမယ်လို့ စစ်ကောင်စီပြော

နေပြည်တော် ၊ ဒီဇင်ဘာ ၅ နိုင်ငံအနှံ့ ထိုးစစ်တွေကြောင့် စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပနိုင်ရေး အင်အားကြီး တရုတ်နဲ့ ရုရှားဆီက အကူအညီရဖို့ ရှိနေတယ်လို့ စစ်ကောင်စီက ပြောလာပါ တယ်။ တရုတ်နဲ့ ရုရှားတို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် လေယာဉ်အပါအဝင် စစ်ပစ္စည်းဆိုင်ရာ ယန္တရားတွေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေဖြစ်တဲ့အပြင် စစ်တပ်နဲ့လည်း ဆယ်စုနှစ်ချီနီးကပ်တဲ့…