December 2024

မောင်တောက နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ ၅ တပ်စခန်းကို AA သိမ်းပိုက်

မောင်တော၊ ဒီဇင်ဘာ ၉ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ ၅ ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ နခခ ၅ ရှိ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့်…

ကလေးဝမှာ ဒရုန်းကြောင့် အရပ်သားတွေသေဆုံးတာ PDF တွေ လုပ်တာလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒေသခံတွေကို ဒရုန်းတွေနဲ့ပစ်ခတ်ပြီး PDF တွေပစ်တာဆိုပြီး ” လုပ်ကြံဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

မွန်ပြည်နယ်မှာ စစ်မှုထမ်းဖမ်းဆီးတာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မွန်ပြည်နယ်မှာ အတင်းအဓမ္မ စစ်မှုထမ်းဖမ်းဆီးတာမရှိဘူး”လို့ စစ်ကောင်စီတပ်က လိမ်လည်ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီဇင်ဘာ…

ရွေးကောက်ပွဲနဲ့ လုံခြုံရေးကိစ္စ စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတို့ဆွေးနွေး

နေပြည်တော် ၊ ဒီဇင်ဘာ ၈ ရွေးကောက်ပွဲကျင်းပနိုင်ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ မှတ်ပုံ တင်ခွင့်ပြီးတဲ့ နိုင်ငံရေးပါတီတွေ ဒီဇင်ဘာ ၅ နဲ့ ၆ ရက်နေ့တို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီ ၅၁ ပါတီက…

ဖာပွန်က စစ်တပ်စခန်းနှစ်ခုကို KNU/PDF သိမ်းပိုက်

ဖာပွန်၊ ဒီဇင်ဘာ ၈ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းနေတယ်လို့ KNU ဖာပွန်ခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA တော် လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း…

တနင်္သာရီက ကျေးရွာချင်းဆက်လမ်းပိုင်းလေးခုကို စစ်တပ်ဖျက်ဆီး

တနင်္သာရီ၊ ဒီဇင်ဘာ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနဲ့ တကူကျေးရွာအုပ်စုအတွင်းက ကျေးရွာချင်းဆက် လမ်းပိုင်းလေးခုကို စစ်ကောင်စီတပ်က ဘတ်ဟိုးနဲ့ထိုးပြီး လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသ ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး တနင်္သာရီအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အမိန့်အရဆိုပြီး စစ်ကောင်စီတပ်က ဇဝဲ-ဖာနီလမ်းပိုင်းရှိ ကွန်ကရစ်တံတားနှစ်စင်း၊ ဇဝဲ၊ဘန်းလမွတ်နဲ့ ရမ်းဖိုးကျေးရွာတို့က ကျေးရွားချင်းဆက်လမ်းပိုင်းတွေကို လာရောက်ဖျက်ဆီးသွားတာပါ။ ဒေသခံတွေရဲ့ပြောပြချက်အရ…

မဟာမိတ် ဘီလာရုစ်နိုင်ငံကို လုံခြုံရေး အာမခံချက်ပေးဖို့ ရုရုား သဘောတူ လက်မှတ်ရေးထိုး

မော်စကို၊ ဒီဇင်ဘာ ၇ ရုရှားက အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်နိုင်ငံကို ပြည်ပနိုင်ငံတွေက ရန်စလာရင် မော်စကိုရဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုနိုင်ခြေ အပါအဝင် လုံခြုံရေး အာမခံချက်ပေးတဲ့ သဘောတူစာချုပ်ကို သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၆ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ အနောက်တိုင်းနဲ့ ရုရှားကြား တင်းမာမှု…

စစ်အုပ်ချုပ်ရေးအမိန့် ထပ်မထုတ်တော့ဘူးလို့ တောင်ကိုရီးယား သမ္မတ ကတိပြု

ဆိုးလ်၊ ဒီဇင်ဘာ ၇ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း သူ့အနေနဲ့ နောက်ထပ် အဲဒီလိုအမိန့်ထုတ်တော့မှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာချက် ထွက်လာပြီးနောက် တောင်ကိုရီယား လွှတ်တော်အမတ်တွေက အမျိုးသားလွှတ်တော် အစည်းအဝေး ချက်ချင်း ခေါ်ယူပြီး…

ရေဖြူအခြေစိုက် စစ်တပ်စခန်းသုံးခု ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ကိုးဦးသေဆုံး

ရေဖြူ ၊ ဒီဇင်ဘာ ၇ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်း သုံးခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီဇင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်တယ်။ ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းရှိ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။…

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မှော်ဘီ၊ ဒီဇင်ဘာ ၇ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက် ခိုက်ခံရတာကြောင့် လေတပ်အရာရှိသုံးဦးအပါအဝင် အခြားအဆင့်စစ်သည် ၁၅ ဦးသေဆုံးပြီး လေယာဉ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ Brave Warrior Myanmar – BWM ထံက သိရပါတယ်။ Brave Warrior Myanmar – BWM…