December 2024

မဟာမိတ်တွေ စိတ်ချလက်ချဖြစ်စေရမယ်လို့ တောင်ကိုရီးယား ယာယီသမ္မတ ပြော

ဆိုးလ်၊ ဒီဇင်ဘာ ၁၆ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲ ပြစ်တင်ရာကနေ ရာထူးတာဝန်က ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ရက်အကြာမှာ ယာယီ သမ္မတ ဟန်ဒက်ဆူးက ငွေကြေးဈေးကွက် တည်ငြိမ်စေရေး၊ မဟာမိတ်တွေ စိတ်ချလက်ချ ရှိနေစေရေး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ယာယီသမ္မတ ဟန်ဟာ ရာထူးကနေ ထွက်တော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့…

ကမ္ဘာ့ ဩဇာတိက္ကမ အကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ပါဝင်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ ဩဇာတိက္ကမအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာ ပါဝင်လာပါတယ်။ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျာရာပွန် ဆင်းဟုပ်ပရိုင်ရဲ့ ပြောကြားချက်အရ ပေသွန်ထန်ဟာ ကမ္ဘာ့အဆင့် ၂၉ နေရာမှာ ရှိနေပြီး အာရှမှာတော့ တတိယနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။…

ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၃ ဦး PDF ထံ အလင်းဝင်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း၊တပ်ဖွဲ့တွေထံ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေထံ ဆက်သွယ်အလင်းဝင်လာတာပါ။…

ဗန်းမော်စစ်ရှောင်တွေကို အကြမ်းဖက်တွေလို့ တပ်လော်ဘီတွေ လုပ်ကြံဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ဗန်းမော်မြို့က အကြမ်းဖက်ထောက်ခံသူ ၅၀၀၀ ကျော်ဟာ KIA ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးသွားတယ်”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေက ဒီဇင်ဘာ ၉…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ဘာကြောင့်ထိုးစစ်မဆင်နွှဲနိုင်တာလဲ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ စစ်အာဏာရှင်စနစ်ကို ဖြိုချနေတဲ့ တိုင်းရင်းသားဒေသအများစုမှာ စစ်ရေးအသာစီးရနေချိန် မွန် ပြည်နယ်မှာတော့ စစ်‌ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မယ့် ထိုးစစ်တွေဆင်နွှဲတာတွေ မတွေ့ရသေးပါဘူး။ လက်ရှိမှာ စစ်ကောင်စီ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၉၀ နီးပါးကို ကချင်၊ရှမ်းမြောက်၊ကရင်နီ၊ချင်းနဲ့ ရခိုင်က ဒေသအခြေစိုက် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အများဆုံးသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် လက်နက်ကိုင်နည်းလမ်းနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့…

လျှပ်စစ်မီးမမှန်တာ PDF တွေကြောင့်လို့ တပ်လော်ဘီတွေဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“လျှပ်စစ်မီးတွေပျက်တာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကြောင့် မီးပျက်ရတာဆိုပြီး ”စစ်ကောင်စီချန်နယ်တွေက ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေက ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး…

တောင်ပိုင်းစစ်ဒေသမှာ တစ်လအတွင်း စစ်ကောင်စီတိုက် ခိုက်မှုကြောင့် လူ ၁၇ ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ ပဲခူး၊ မွန်၊ ကရင်နဲ့တနင်္သာရီ တိုင်းတို့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ပြည်သူ…

ကတိုင်တိစခန်း မကျရေး စစ်ကောင်စီတပ် စစ်ကူအများအပြား ပို့ဆောင်နေ

ဖာပွန်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ် ဖာပွန်ဒေသမှာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ တောင်သုံးလုံးနဲ့ ဆင်စွယ်တပ်စခန်းတို့ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးနားရှိ ကတိုင်တိစခန်း မကျရေးအတွက် စစ်ကူအများအပြား ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန် နှစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ကရင်ပြည်နယ်မှာ စစ်မှုထမ်းမပေးရင် ဖမ်းဆီးမှုမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ကျေးရွာအုပ်စုတစ်စုလျှင် စစ်မှုထမ်းတပ်သား သစ်တစ်ဦးမပေးပါက ပေါ်တာဆွဲဖမ်းဆီးသွားမယ်လို့ ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်က ခြိမ်း ခြောက်သွားတဲ့ သတင်းကို စစ်တပ်လော်ဘီတွေက သတင်းအမှားပါ”ဆိုပြီး လိမ်လည်ဝါဒဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ…

တရုတ်နဲ့ သိပ္ပံပညာဆိုင်ရာပူးပေါင်းမှု ဘိုင်ဒန်အစိုးရကို ရီပက်ဘလေကန်တွေ ပြစ်တင်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄ ဒေါ်နယ်ထရန့် လက်ထက်ရောက်မှ ဆုံးဖြတ်သင့်တယ်လို့ ရီပက်ဘလေကန်တွေက စောဒကတက်ပြီး ကန့်ကွက်နေတဲ့ကြားက အမေရိကန် အစိုးရဟာ တရုတ်နဲ့ သိပ္ပံပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု အသစ် တစ်ရပ်ကို ဒီဇင်ဘာ ၁၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီသဘောတူညီမှုမှာ အားကောင်းတဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာကာကွယ်ရေး အရံအတားတွေ ပါရှိပြီး ဖြစ်တယ်လို့…