မြဝတီ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားကူးစက်မှု ဖြစ်ပွားရာကနေ လူနှစ်ဦးအထိ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသအာဏာပိုင်တွေက မြို့ထဲမှာရောင်းချနေတဲ့ လမ်းဘေးဈေးဆိုင်တွေနဲ့ ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းနားရှိ စက်လှေဂိတ်တွေကိုဆက်လက်ပိတ်ခိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့ထဲမှာ ဒီဇင်ဘာလ တတိယအပတ်လောက်နေကစပြီး ဝမ်း ပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားကူးစက်မှုတွေရှိခဲ့တာကြောင့် လူဦးရေ ၂၀၀ ခန့်ဟာ မြို့ပေါ်မှာရှိတဲ့ သီတဂူချစ်သူဆေးရုံကို တက်ရောက်ကုသမှုခံယူနေခဲ့ရပြီး ရောဂါကူးစက်မှုကြောင့် လူနှစ်ဦး သေ ဆုံးခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒေသအာဏာပိုင်တာဝန်ရှိသူတွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ရွှေကုက္ကိုလ်မြို့အနီး ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းနားမှာရှိနေတဲ့ စက်လှေဂိတ်တွေကို ပိတ်ထားခိုင်းပြီး ဂိတ်ကြီးတွေကိုတော့ ပိတ်ထားခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ရွှေကုက္ကိုလ်မြို့ထဲမှာ ရောင်းချနေတဲ့ လမ်းဘေးဆိုင်တွေအားလုံးကို ပိတ်ထားခိုင်းပေမယ့် ဆိုင်ကြီးတွေကတော့ ပိတ်ထားခြင်းမရှိပဲ ဖွင့်လှစ်ထားသလို ရောဂါကြောင့် သီတဂူချစ်သူဆေးရုံမှာ ဆေးတက်ရောက်ကုသမှု ခံယူနေရတဲ့လူနာ အများအပြားရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရွှေကုက္ကိုလ်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပေမယ့် ဒေသခံပြည်သူတွေကတော့ အ သွားအလာပုံမှန်ရှိနေပြီး ဝမ်းသွားတာ၊ အန်တာ၊ ဖျားနာတာ၊ ဗိုက်အောင့်တာတွေရှိပါက သီတဂူချစ်သူဆေးရုံကို အမြန်ဆုံးလာရောက်ပြသဖို့လည်း ဒေသအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရွှေကုက္ကိုလ်မြို့က သီတဂူချစ်သူဆေးရုံမှာ ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်နေ့အတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရတဲ့ လူနာဦးရေ ၁၀၄ ဦးရှိခဲ့ပြီး အဲဒီအ ထဲမှာ နှလုံးရောဂါအခံရှိတဲ့လူနာတစ်ဦး သေဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြောဆိုထားပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ ရွှေကုက္ကိုလ်မြို့ရှိ သီတဂူချစ်သူဆေးရုံကို ထိုင်းအစိုးရဘက်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ပို့ဆောင်ကူညီထားသလို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ရော ဂါကာကွယ်ကုသရေးအတွက် ဆေးဝါးပစ္စည်းတွေကို ပို့ဆောင်ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ရွှေကုက္ကိုလ်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေတာကြောင့် တစ်ဖက်ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ခရိုင်မဲဆောက်မြို့မှာ တာဝန်ရှိသူတွေက နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး နယ်စပ်ဂိတ်တချို့ကို ပိတ်ထားကာ စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိနေတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.