မော်လမြိုင်၊ ဒီဇင်ဘာ ၂၄

တိုင်းစစ်ဌာနချုပ်တစ်ခု ပူပူနွေးနွေး လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ တပ်အင်အားလိုအပ် ချက်ဖြည့်တင်းဖို့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်း ဖွင့်လှစ်လိုက်တယ်လို့ ဝါဒဖြန့်သတင်း စာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံစစ်လေ့ ကျင့်ရေး သင်တန်းကျောင်းတွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်းသင်တန်း တက်ရောက်လာတဲ့ လူငယ်တွေဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာ ဝန်တွေကို ဂုဏ်ယူစွာထမ်းဆောင်ဖို့ မိမိတို့ရဲ့ သဘောဆန္ဒအတိုင်း သင်တန်းရောက်လာကြတာလို့ လိမ်လည်ဖော်ပြထားပါတယ်။

မြေပြင်မှာတော့ စစ်မှုထမ်းစုဆောင်းလို့ မရတော့တဲ့ စစ်ကောင်စီဟာ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ရွာတွေမှာ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စစ်သင်တန်းကျောင်းတွေထံ ပို့ ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အထိ လူဦးရေ ၂၁၀၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရပြီး အပတ်စဉ် ၃ ခုက သင် တန်းဆင်းဦးရေ ၁၃၀၀၀ ကျော်ကို ရှေ့ တန်းပို့ဆောင်ခံထားရပါတယ်။

နယ်စပ်အရင်းအမြစ်တွေနဲ့ အလုပ်သမားအရေးအကူအညီပေးနေသူတွေရဲ့ အဆိုအရ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာမှု ဆက်တိုက်မြင့်တက်လာတယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.