December 21, 2024

အာဆီယံက မြန်မာရွေးကောက်ပွဲ အားလုံးပါဝင်စေလိုတယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ လာမယ့်နှစ် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလိုရှိလိမ့်မယ်လို့ ထိုင်းက မြန်မာစစ်ကောင်စီကို ပြောကြားထားကြောင်း ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ချမှတ်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ…

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်း ဘိုင်ဒန် ထပ်မံခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ လာမယ့် ဇန်နဝါရီလ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရုံးက ထွက်ခွာဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို သံတမန်နည်းလမ်းအရ တရားဝင် အသိအမှတ်ပြုမထားပေမယ့်…

လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၂၁ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇူလိုင် ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၃၆…

AA သိမ်းပိုက်ထားတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်အထိရှိလာ

အမ်း၊ ဒီဇင်ဘာ ၂၁ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ရခိုင်စစ်ဆင်ရေးအတွင်း မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အပြည့် အဝထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့အခြေစိုက် နပခစစ်ဌာနချုပ် တိုင်းစစ်ရုံးအတွင်းရှိ လက်ကျန်နေရာအားလုံးကို AA က ဒီ…

တစ်ခုတည်းသော မွန်တပ်တော်ပေါ်ပေါက်လာဖို့ အခြေအနေနီးစပ်ပြီလား။

“မွန်တော်လှန်ရေးလက်နက်ကိုင် လေးဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်မှာ သဘောတရားရပ်တည်ချက်အပြင် လက်တွေ့အကောင်အထည်ဖော်မှုတွေလည်း ပါနေတဲ့အတွက်ကြောင့် မွန်ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက်အတိုင်း အမှန်တကယ် ဖြစ်မှာပါလို့ ပြောရမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း (MSDF တပ်မှူး) စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် MNLA AD ၊…