ဘန်ကောက်၊ ဒီဇင်ဘာ ၂၀
မြန်မာစစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ထဲမှာ သဘောထား ကွဲလွဲနေကြဆဲ ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ထိုင်းက သံတမန်ရေး နည်းလမ်းအသစ်တွေ စမ်းသပ် အသုံးပြုသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ထိုင်းက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် အားဖြည့်ရေး တရားဝင် မဟုတ်တဲ့ ဒေသဆိုင်ရာဆွေးနွေးပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
ထိုင်းက ကုန်သွယ်မှု လျော့ကျသွားတာ၊ သူတို့နိုင်ငံထဲ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာအပါအဝင် ကိစ္စရပ်များစွာအတွက် စိုးရိမ်နေပါတယ်။
နောက်ပြီး ရှမ်းပြည်နယ်ရှိ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နယ်စပ်မှာ ဝတပ်ဖွဲ့ တပ်စွဲထားတာနဲ့ ပတ်သက်လို့လည်း ထိုင်းက ကန့်ကွက်ထားပြီး ပြန်လည် ဆုတ်ခွာပေးဖို့ တောင်းဆိုထားပေမယ့် ပြေလည်မှု မရ သေးပါဘူး။
မြန်မာနဲ့ ထိုင်းအရာရှိတွေကြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောထားပေမယ့် ဘယ်နေ့ ဘယ်ရက်မှာ ဆွေးနွေးမယ်ဆိုတာကို ပြောမထားပါဘူး။
ထိုင်းက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ချန်လှပ်ပြီး မြန်မာ စစ်ကောင်စီနဲ့ ဆက်ဆံရေး သံတမန်ရေး နည်းလမ်း အသစ်တွေနဲ့ ကြိုးပမ်းသွားမယ်လို့ ထိုင်းအရာရှိတွေက ပြောကြားထားပါတယ်။
Ref:Pimr Asia News