ကျိုက်ထို၊ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကလော့ကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဝင်းကလော့ကျေးရွာလမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ရာကနေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာအိပ်နေတဲ့ အသက် ၃၂ နှစ်အရွယ် ကိုမျိုးလှိုင်ဝင်း ထိမှန်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဒေါ်ကြူကြူဝင်းဟာ လက်နဲ့ခန္ဓာ ကိုယ်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကျိုက်ထို ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ နေ ထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျုးလွန်နေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ပစ်ခတ်မှုတွေကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်း၊ အမှတ် ၃၁၀ အမြောက်တပ်နဲ့ အမှတ် ၆၀၂ ဒုံးတပ်ရင်းတွေကနေ အ ဓိက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.