ထိုင်းဦးဆောင်တဲ့ မြန်မာ့ဆွေးနွေးပွဲ စစ်ကောင်စီကို နေရာပေးတာလို့ အကဲခတ်တွေဝေဖန်
နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ ထိုင်းနိုင်ငံက ဦးဆောင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဟာ တော်လှန်ရေးအင်အားစုတွေမပါတဲ့အတွက် စစ်ကောင်စီကို နေရာပေးတာလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နှစ်စဉ်ဆက်တိုက် ဆွေးနွေးပွဲတွေ ဦးဆောင်ပြုလုပ်နေတဲ့ ထိုင်းနိုင်ငံက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အတိုက်အခံအဖွဲ့အစည်းတွေမပါဘဲ စစ်ကောင်စီကိုသာ ဖိတ်ကြားခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ…