ဘားအံ၊ ဒီဇင်ဘာ ၁၉
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၉၁၃(နို့ဒေး)စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ် ရင်းမှူးတစ်ဦးအပါအဝင် ခြောက်ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
KNU ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသထဲမှာ နှစ်ပေါင်း ၃၀ နီးပါးအကြာ အ ခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ပွိုင့် ၉၁၃(နို့ဒေး)စခန်းကုန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ KNLA KNDO ပူးပေါင်းအဖွဲ့တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ပွိုင့် ၉၁၃ (နို့ဒေး) စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်အပါအဝင် ခဲယမ်းကျည်ဆံအများအပြားကို သိမ်းဆည်းရရှိခဲ့သလို စခန်းသိမ်းတိုက်ပွဲထဲမှာ ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို KNLA KNDO ပူးပေါင်းအဖွဲ့တို့က အရှင်လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။
အရှင်လက်ရဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဘက် တပ်ရင်းမှူးတစ်ဦးအပါအဝင် ခြောက်ဦးကို သောင်ရင်းမြစ်ကမ်းနားမှာ KNLA KNDO ပူးပေါင်းအဖွဲ့က စစ်ဆေးမေးမြန်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထုတ်လွှင့်ဖော်ပြထားတာကို တွေ့ရပါတယ်။
ပွိုင့် ၉၁၃(နို့ဒေး)စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ တပ် မဟာ ၅နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပွိုင့် ၉၁၃(နို့ဒေး)စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မာနယ်ပလောမှာ စစ်ကောင်စီတပ်စခန်း ကင်းစင်သွားတာပါ။
ပွိုင့် ၉၁၃(နို့ဒေး)စခန်းဟာ စစ်ကောင်စီတပ်အတွက် အဓိကကျတဲ့စခန်းတစ်ခုဖြစ်သလို စစ်ကောင် စီတပ်ရဲ့ နယ်စပ်ဒေသထိန်းချုပ်ရေး၊ သောင်ရင်းမြစ်ဝစိုးမိုးရေး၊ ဟတ်ကြီးရေကာတာစီမံကိန်းရဲ့ လုံ ခြုံရေးတွေအတွက် အချက်အချာကျတယ်လို့လည်း တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက သုံးသပ်ပြောဆိုထားပါတယ်။
မာနယ်ပလောဒေသအထက်က တပ်မဟာ ၅ မူတြော်(ဖာပွန်)ခရိုင်နယ်မြေ သူးမွဲထာမြစ်ဆုံအပါ အဝင် သံလွင်းမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေအားလုံး တိုက်ခိုက်သိမ်း ပိုက်ခံတဲ့အတွက် အဲဒီနယ်မြေတွေမှာလည်း စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-FFD