သထုံ၊ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသန္တရအမိန့် ဖောက်ဖျက်မှုစွပ်စွဲချက်နဲ့ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အဲဒီထဲကလူငယ်တချို့ စစ်သားစုဆောင်းခံထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးနင်းမှုကို စီမံချက်အနေနဲ့ ဖမ်း ဆီးနေတာပါ။
အဲလိုဖမ်းဆီးရာမှာ မြို့အဝင်အထွက်နဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အ မျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးနင်းမှုကို စစ်ဆေးမေးမြန်းတာမရှိဘဲ တစ်ခါတည်း ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကောင်စီအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေ၊ ငွေ ကြေးတတ်နိုင်သူတွေကိုတော့ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံပြီး ပြန်လွှတ်ပေးနေတယ်လို့ ရဲ တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် ငွေကြေးမပေးနိုင်သူတွေအပါအဝင် မိသားစုနဲ့အဆက်အသွယ် မရသူတွေကိုတော့ စစ်မှု ထမ်းအဖြစ် ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်ရေးတပ်တွေထံ ချက်ချင်းပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒေသန္တရအမိန့်ဖောက်ဖျက်သူတွေကို တစ်လစီမံချက်နဲ့ ဖမ်းဆီးအရေးယူဖို့ ရှိနေတာကြောင့် လူ ငယ်တွေအနေနဲ့ ညပိုင်းအပြင်ထွက်သွားလာတာ မလုပ်ကြဖို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီ တာ ဝန်ရှိသူတွေက တိုက်တွန်းတာပါ။
သထုံခရိုင်ထဲက မြို့နယ်တွေမှာ စစ်ကောင်စီဟာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူမစီးရအပါ အဝင် ညမထွက်ရ ဒေသန္တအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ