ဖာပွန်၊ ဒီဇင်ဘာ ၈
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းနေတယ်လို့ KNU ဖာပွန်ခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA တော် လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၄၃ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၈၈ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က သတင်း ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦးတို့ပါဝင်ပြီး စစ်ကောင်စီတပ်ရဲ့စခန်းဖြစ်ကြတဲ့ မထောစခန်းနဲ့ ကူးဆိပ်စခန်းတို့ကို KNLA တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မထောစခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကာ အင်အားတွေနည်းပါးလာနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုထားပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖာပွန်ဗျူဟာစခန်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံပိတ်ဆို့ထားပြီး တောင်သုံးလုံးစခန်းနဲ့ ကတိုင်တိဒေသဘက်ကို ကမမောင်းဗျူဟာကနေတစ်ဆင့် စစ်ကောင်စီတပ်က စစ်ကူပေးပို့နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေ ရာ ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကို အဓိကအသုံး ပြုပြီး ပစ်ကူပေးခဲ့သလို စားနပ်ရိက္ခာကိုလည်း လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ရကာ ပြည်သူ လူထုနေထိုင်ရာ ကျေးရွာတွေထဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မူတြော်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ဖာပွန်ခရိုင် ကတိုင်တိဒေသအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် ဒီဇင် ဘာလအစောပိုင်းက ကတိုင်တိဘောကြိုလယ်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုတွေဟာ ကတိုင်တိအောက်ဘက် ကမမောင်းမြို့နဲ့ အခြားနေရာဒေသဆီကို ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ ကမမောင်းဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU