November 2024

စစ်အာဏာသိမ်း (၁၃၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၉၁) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၉ AAPP ရဲ့ နိုဝင်ဘာ ၂၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၇) ရက်အတွင်း ပြည်သူ (၅၉၉၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၃၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ICC ဖမ်းဝရမ်းကြောင့် အာဏာလက်မလွှတ်ရရေး ကြိုးပမ်းမှု စစ်အုပ်စုအရှိန်မြှင့်နိုင်

မော်လမြိုင် ၊ နိုဝင်ဘာ ၂၉ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားချက်ကြောင့် စစ်အုပ်စုအနေနဲ့ အာဏာလက်မလွှတ်ရရေးအတွက် ပိုမိုကြိုးစားလာနိုင်တယ်လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေကြီးဦးကြီးမြင့်က သုံးသပ်ပါတယ်။ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့အတွက် နိုဝင်ဘာ ၂၇ ရက်နေ့က နယ်သာလန်နိုင်ငံအ ခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေချုပ်က…

နိုင်ငံတော်ဘတ်ဂျက်တွေကို စစ်ကောင်စီ စံချိန်တင်သုံးစွဲလာ

နေပြည်တော် ၊ နိုဝင်ဘာ ၂၉ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်တွေကို အရင်က ကျပ်ဘီလီယံ ၃၉,၀၀၀ ကျော်သုံးစွဲဖို့ လျာထားပေမယ့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာမှာ ကျပ်ဘီလီယံ ၄၁,၀၀၀ ကျော်အ ထိ တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ပြည်ထောင်စုအပါအဝင် တိုင်းနဲ့ပြည်နယ်တွေရဲ့ အခုဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ငွေတောင်းခံမှုတွေကို ကော်မရှင်က…

တစ်လအတွင်း မြို့လေးမြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်

ပန်ဝါ ၊ နိုဝင်ဘာ ၂၉ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့ လေးမြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဉာဏ်လင်းသစ်သုတေသနရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ကချင်ပြည်နယ်ရှိ ဆော့လော်မြို့နဲ့ ပန်ဝါမြို့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်း ပိုက်ခဲ့သလို စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်…

ဖာပွန်မှာ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၁၁ ဦးသေဆုံး

ဖာပွန်၊ နိုဝင်ဘာ ၂၉ ကရင်ပြည်နယ် ဖာပွန်ခရိုင် မထောတပ်စခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကမမောင်းကနေ စစ်ကူတက်ရောက်လာတဲ့ စစ်ကောင်စီတပ်တို့ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ မထောကျေးရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၂ ရက်နေ့က ကရင်အမျိုး…

အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ အခြေအနေ ဘယ်လောက် ဆိုးဝါး ပြင်းထန်နေလဲ။

“ထောင်ထဲက သက်ကြီးရွယ်အိုတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး သက်ကြီးနိုင်ကျဉ်းတွေ များစွာရှိပါတယ်။ ငယ်ရွယ်သူတွေတောင် ထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ ကိုယ်ခံအားကျ သေဆုံးရတဲ့ အခြေအနေမျိုးမှာ သက်ကြီးနိုင်ကျဉ်းတွေအတွက်တော့ စိုးရိမ်ဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တယ်” – ကိုသိုက်ထွန်းဦး (PPNM) လက်ရှိ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံရမှုတွေမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။…

စုံစမ်းစစ်ဆေးခံနေရတဲ့ ဖိလစ်ပိုင် ဒုသမ္မတ သက်တော်စောင့် အပြောင်းအလဲ ပြုလုပ်

မနီလာ၊ နိုဝင်ဘာ ၂၈ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာအပေါ် ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ တရားရေးဌာနက စုံစမ်းစစ်ဆေးမှု စတင်ပြီး ရက်ပိုင်းအကြာ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ သက်တော်စောင့်တွေကို အပြောင်းအလဲ ပြုလုပ်လိုက်တယ်လို့ လုံခြုံရေးဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောနှော ပါဝင်တဲ့ ဒုသမ္မတရဲ့ လုံခြုံရေး အဖွဲ့ကို…

ဂျပန်မှာ ဒုံးကျည်တွေ ချထားရင် လက်တုံ့ပြန်မယ်လို့ အမေရိကန်ကို ရုရှား သတိပေး

မော်စကို၊ နိုဝင်ဘာ ၂၈ အမေရိကန်က ဂျပန်မှာ ဒုံးကျည်တွေ ချထားပါက ရုရှားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာမှာဖြစ်တာကြောင့် လက်တုံ့ပြန်သွားမယ်လို့ ကရင်မလင်နန်းတော်က သတိပေးလိုက်ပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ထိုင်ဝမ် အရေးပေါ် အခြေအနေအတွက် ဒုံးကျည်တွေ ချထားမှု ပါဝင်မယ့် ပူးတွဲစစ်ရေးအစီအစဉ်ရေးဆွဲရေး အမေရိကန်နဲ့ဂျပန်တို့ ရည်ရွယ်ထားကြောင်း ဂျပန် Kyodo သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။…

KNU နယ်မြေမှာ စစ်ကောင်စီတပ်စခန်း ၁၄၀ နီးပါး လက်လွှတ်ဆုံးရှုံးထားရ

မော်လမြိုင်၊ နိုဝင်ဘာ ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုနှစ် ဇူ လိုင်လအထိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၈ ခုအထိ လက်လွှတ်ဆုံးရှုံးထားရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ထံက သိရပါတယ်။ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့“တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်”ဆိုတဲ့ အစီရင်ခံစာအရ…

ပွင့်ဖြူနဲ့ စေတုတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေ

ပွင့်ဖြူ၊ နိုဝင်ဘာ ၂၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့စေတုတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ် တစ်ကျော့ပြန်စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်နေတယ်လို့ ဒေ သခံတွေနဲ့ တော်လှန်ရေအင်အားစုတွေထံက သိရပါတယ်။ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ ပွင့်ဖြူမြို့နယ်ကနေတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ နိုဝင်ဘာ ၂၈…