November 2024

ယူကရိန်းစစ်ပွဲ အောင်မြင်တဲ့အထိ ရုရှားဘက်က ရပ်တည်သွားမယ်လို့ မြောက်ကိုရီးယား ပြော

မော်စကို၊ နိုဝင်ဘာ ၂ ယူကရိန်းမှာ ရုရှား အောင်ပွဲရတဲ့အထိ မော်စကိုတပ်တွေနဲ့ အတူ ရပ်တည်သွားမယ်လို့ မော်စကိုခရီးစဉ်အတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲအတွင်း မြောက်ကိုရီးယားနိုင်ငံ ဝင်ပါလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အခုလိုမျိုး ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့နဲ့ ဆွေးနွေးပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး…

စစ်ကိုင်းတိုင်းမှာ ဆယ်လအတွင်း အရပ်သား ၄၅၀ နီးပါး အသတ်ခံရ

စစ်ကိုင်း၊ နိုဝင်ဘာ ၂ စစ်ကိုင်းတိုင်းမှာ အခုနှစ် ဆယ်လအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ် သား ၄၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီကြောင့်…

သိမ်ဇရပ်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

သိမ်ဇရပ်၊ နိုဝင်ဘာ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး သုံးခွကျေးရွာနဲ့ရေကျော်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ မနေ့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ် ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး…

KNU နယ်မြေမှာ စစ်တပ်ဒရုန်းကြောင့် ကလေးငယ်တစ်ဦးသေဆုံး

မော်လမြိုင်၊ နိုဝင်ဘာ ၂ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က KNU လယ်ဒိုမြို့နယ် ကွင်းချောင်းဝဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်က ရွာသာယာကျေးရွာထဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ရွာသာယာကျေးရွာနေ အသက်တစ်နှစ်အရွယ်…

စစ်အာဏာသိမ်း (၁၃၇၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၁၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂ AAPP ရဲ့ နိုဝင်ဘာ ၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၇၀) ရက်အတွင်း ပြည်သူ (၅၉၁၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ခြိမ်းခြောက်ငွေညှစ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ ၂ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ လုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်နဲ့ပျူစောထီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေဟာ အရင်ကလုံခြုံရေးအကြောင်းပြချက်နဲ့ လူစည်ကားရာ နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေကိုပါသာ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ…

လောင်းလုံးမှာ စိတ်မနှံ့တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်

လောင်းလုံး၊ နိုဝင်ဘာ ၂ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ် သားတွေဟာ စိတ်မနှံ့တဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်မှ လောင်းလုံးဘက်ကို ဆိုင်ကယ်စီးလာတဲ့ ဒေသခံအမျိုးသားတစ်ဦးကို လဝကရုံး စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာပါ။…

ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့

ထားဝယ်၊ နိုဝင်ဘာ ၂ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ နေအိမ်တွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးတာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာထဲတပ်စွဲပြီး ကတုတ်ကျင်းတွေတူး ခံစစ်ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ…

ကျိုက်ထိုမှာ တိုက်ပွဲပြင်းထန်နေ

ကျိုက်ထို၊ နိုဝင်ဘာ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်း ထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ် ရှားနေတဲ့ ကျိုက်ထိုမြို့နယ် ကျောက်ပုံ၊ မဲရုံကြီးနဲ့ မိုးဘောနတ်စင်ကျေးရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။…

လုပ်ကြံခံရမှာ စိုးရိမ်မှုကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လုံခြုံရေး တိုးမြှင့်

ဆိုးလ်၊ နိုဝင်ဘာ ၁ လုပ်ကြံသတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ လုံခြုံရေးကို တိုးမြှင့်ထားကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက လွှတ်တော်အမတ်တွေကို အသိပေးထားပါတယ်။ ဒီလို လုံခြုံရေးအဆင့် တိုးမြှင့်ရာမှာ ဆက်သွယ်ရေး လိုင်းဖြတ်တောက်တဲ့ ဂျမ်မာတွေ၊ ဒရုန်း စစ်ဆေးရေးစနစ်တွေ ပါဝင်တယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က အောက်တိုဘာ ၃၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။…