November 2024

မွန်ပြည်နယ်မှာ တစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၁၀ ဦး သေဆုံး

မော်လမြိုင်၊ နိုဝင်ဘာ ၇ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေရှင်းက နိုဝင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ ထိခိုက်သေဆုံးရတဲ့သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ် ဖြတ်ခံရတာ၊ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး…

သရက်ချောင်းမှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲခံရလို့ သုံးဦးသေဆုံး

သရက်ချောင်း၊ နိဝင်ဘာ ၇ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာနဲ့သင်းကျွန်းရွာကြားမှာ စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါ တယ်။ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီကျော်ခန့်က သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ကို မြေသယ်ယာဉ်နှစ်စီးနဲ့ အင်အား ၅၀ ကျော်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းလေးလုံးဆွဲပြီး တိုက် ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့်…

စစ်အာဏာသိမ်း (၁၃၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၃၁) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၇ AAPP ရဲ့ နိုဝင်ဘာ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၇၅) ရက်အတွင်း ပြည်သူ (၅၉၃၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၃၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ အလုပ်သမားရှာမရတဲ့အထိ ဖြစ်လာ

မော်လမြိုင် ၊ နိုဝင်ဘာ ၇ ပြည်ပရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိနေတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ကဏ္ဍပေါင်းစုံ အလုပ်သမားရှာမရတဲ့ အခြေအနေအထိ ရောက်ရှိလာတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အားပြုန်းတီးမှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေ ၉ လနီးပါးအကြာ မွန်ပြည်နယ်ရဲ့ ကဏ္ဍပေါင်းစုံမှာ လုပ်သားရှားပါးတဲ့…

စစ်ကောင်စီကို ဝေဖန်မှုကြောင့် သုံးလအတွင်း ပြည်သူ ၁၄၀ ကျော် အဖမ်းခံရ

မော်လမြိုင် ၊ နိုဝင်ဘာ ၇ အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုတွေကြောင့် သုံးလအတွင်း ပြည်သူ ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Internet Project ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာလအတွင်း နိုင်ငံတဝန်း ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး Myanmar Internet Project က နိုဝင်ဘာ…

ကျိုက်ထိုတိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံး

ကျိုက်ထို၊ နိုဝင်ဘာ ၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး တော်လှန်ရေးအဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကနေ…

ဒေါနတောင်ပေါ်လမ်းဟောင်းမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ နိုဝင်ဘာ ၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်လမ်းဟောင်းအနီးက ရန်ကုတ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေါနတောင်ပေါ်လမ်းဟောင်းနားရှိ ရန်ကုတ်ကျေးရွာအုပ်စုထဲကို နိုဝင်ဘာ ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က တပ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုတ်ကျေးရွာအနီးမှာ…

ထားဝယ်က လောင်းကစားဝိုင်းကြီးတစ်ခုကို PDF ဝင်စီး

ထားဝယ်၊ နိုဝင်ဘာ ၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါးကျေးရွာအုပ်စုမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကြီးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်တွေအပြင် ကားတစ်စီးနဲ့ ဆိုင်ကယ် ၁၀ စီး သိမ်းဆည်းရမိခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။ ကနိုင်းဒါးကျေးရွာအုပ်စု ကဒင်ဝကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကြီးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ နေလည် ၁…

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရ

ဝါရှင်တန် နိုဝင်ဘာ ၆ ဒေသစံတော်ချိန် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် စီးပွားရေးလုပ်ငန်းရှင် သမ္မတဟောင်း ဒေါ်နယ်ထရန့် ထပ်မံရွေးကောက်ခံခဲ့ရပါတယ်။ သမ္မတအသစ် ဖြစ်လာတော့မယ့်ထရန့်ဟာ ပြီးခဲ့တဲ့တစ်ခေါက် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်ရောက်စီးနင်းတဲ့ဖြစ်ရပ်တွေကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရတာ၊ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာ၊ ၂ ကြိမ်တိုင်တိုင် လုပ်ကြံမှုတွေနဲ့…

ဓားစာခံ တစ်ဦးလျှင် ဒေါ်လာ တစ်သန်း ပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် ကမ်းလှမ်း

တဲလ်အဗစ်၊ နိုဝင်ဘာ ၆ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေထဲက အသက်ရှင်ကျန်သူ တယောက်ချင်းစီအတွက် အစ္စရေးက ဒေါ်လာ ၁ သန်း ပေးမှာ ဖြစ်ပြီး ပြန်ပေးသမားတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမယ့် သဘောတူညီ တစ်ရပ်ကို ဝန်ကြီးချုပ် နေတန်ညာဟုက ဟားမာ့စ်အဖွဲ့ထံ ကမ်းလှမ်းလိုက်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရဲ့ အစီအစဉ်မှာ ပါလက်စတိုင်း…