November 2024

ဒေါ်နယ်ထရန့်က အီလွန်မက်စ်နဲ့ Fox News အစီအစဉ် တင်ဆက်သူတို့ကို အစိုးရအဖွဲ့ မှာ ခန့်အပ်ဖို့ ရွေးချယ်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်နဲ့ ရီပက်ဘလေကန် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့ ဗီဗက်စ် ရာမက်စ်ဝါမီ တို့ကို အစိုးရ လုပ်ဆောင်မှုတွေ ထိရောက် လျင်မြန်စေဖို့ ဌာနသစ်မှာ ဦးဆောင်မယ့်လူတွေ အဖြစ် နိုဝင်ဘာ ၁၂ ရက်က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဗီဗက်စ်…

မိုးကုတ်နဲ့ နောင်ချိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦး သေဆုံး

နောင်ချို၊ နိုဝင်ဘာ ၁၃ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်မှာ…

ဘုတလင်မှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိဘူး” လို့ စစ်ကောင်စီက သတင်းမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့်ကြေးမုံသတင်းစာ၊ MOI…

မန္တလေးမှာ စစ်မှုထမ်းမပါဖို့ ငွေတောင်းတာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မန္တလေးမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီက ပေါ်တာဆွဲနေပြီး မပါဝင်လိုတဲ့ ပြည်သူတွေကို ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းယူတဲ့သတင်းကို စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာ MOI က ငြင်းဆိုကာလုပ်ကြံ ဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၁၃၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၃ AAPP ရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၃၈၁) ရက်အတွင်း ပြည်သူ (၅၉၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်စစ်ရှောင်တွေ နေရပ်ပြန်နေနိုင်ရေး စစ်ကောင်စီအကူအ ညီတချို့ပေးပေမယ့် အများစုမပြန်ရဲသေး

မော်လမြိုင် ၊ နိုဝင်ဘာ ၁၃ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နေနိုင်ရေးအတွက် စစ်ကောင်စီဘက်က ကူညီထောက်ပံ့မှုတချို့ လုပ်ဆောင်နေပေမယ့် အများစုမပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာ ၁၁ ရက်နေ့က ဓမ္မသကျေးရွာတိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အလုံး ၃၈၀ ပြန်ဆောက်နိုင်ဖို့အတွက်ဆိုပြီး သွပ်ဖိုးသိန်း ၂၁၀၀…

စစ်ရေးတင်းမာနေလို့ တနင်္သာရီတိုင်းက မြို့နယ်သုံးခုမှာ ညပိုင်းခရီးမသွားဖို့ တိုင်း PDF သတိပေး

ပုလော၊ နိုဝင်ဘာ ၁၃ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နှစ်ဖက်စစ်ရေး တင်းမာနေတာကြောင့် ညပိုင်းခရီးမသွားလာကြဖို့ တနင်္သာရီ တိုင်းစစ်ဌာနက နိုဝင်ဘာ ၁၁ ရက်နေ့စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်ကစပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။ ဒါ့အပြင် စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့…

နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တစ်သိန်းကျော်အထိရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၃ စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data for Myanmar က နိုဝင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် အရပ်သားနေအိမ် ၁၀၁,၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ…

မုဒုံသစ်ပါးလွှာစက်ရုံက မန်နေဂျာအပါအဝင်သုံးဦးကို မွန်ပြည်သစ် AD ပြန်လွှတ်

မုဒုံ၊ နိုဝင်ဘာ ၁၃ ဖမ်းဆီးထားတဲ့ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးကို ညှိနှိုင်းဆွေးနွေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီလို့ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံရှိ…

ကျောက်ကြီးမှာ နောက်တန်းပြန်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

ကျောက်ကြီး၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း ကျောက်ကြီးမြို့ကနေ နတ်သံကွင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က ကျောက်ကြီးမြို့နယ် ကျွန်းကုန်းကျေးရွာထိပ်မှာ…