November 2024

ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်က စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါးပြတ်လပ်နေ

မကွေး နိုဝင်ဘာ ၁၆ စစ်ကောင်စီရဲ့ စစ်ကြောင်းပိတ်ဆို့ထားမှုကြောင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်က စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဘက်က နိုဝင်ဘာ ၉ ရက်ကနေ ၁၆ ရက်အထိ စစ်ကြောင်းပိတ်ဆို့ထားဆဲဖြစ်တာကြောင့် စားသောက်ကုန်နဲ့ ကုန်စည်ရရှိမှု ပြတ်တောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ လက်ရှိမှာနှစ်ရွာတစ်ရွာပေါင်းစားနေရတဲ့ အခြေအနေဖြစ်နေပြီး…

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရိုက်နှိက်တိုက်ပိတ်ခံရ

သာယာဝတီ၊ နိုဝင်ဘာ ၁၆ ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ရိုက်နှက် တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေအကျဉ်းသားများကွန် ရက် (PPNM) ထံက သိရပါတယ်။ သာယာဝတီထောင်မှာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်က မိသားစုဝင်တွေပေးပို့တဲ့ ပါဆယ်စာအုပ်ထဲမှာ ဖုန်းဆင်းကတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွဋ်ပိုင်မှူးနဲ့ ကိုပြည့် စုံအောင်တို့နှစ်ဦးကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်ထားခဲ့တာလို့…

ပဲခူးမှာ အရပ်သားတွေကို ဖမ်းဆီးပေါ်တာဆွဲတာမရှိဘူးလို့ စစ်တပ်လိမ်လည်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ပဲခူးတိုင်း သာယာဝတီခရိုင်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးပေါ်တာဆွဲတာမရှိဘူး” ဆိုပြီး လိမ်လည်ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့…

မြို့ရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှု PDF တွေ ချေမှုန်းတာလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မန္တလေးတိုင်းမိုးကုတ်မြို့ရှိ တအာင်းတပ် TNLA ခိုအောင်းနေတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းမှဗုံးကြဲနိုင်ခဲ့တယ်”ဆိုပြီး စစ်ကောင်စီဘက်က လိမ်လည်ဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ…

ရခိုင်ပြည်တစ်ခုလုံး အလုံးစုံထိန်းချုပ်နိုင်ဖို့ ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ AA ပြော

မောင်တော ၊ နိုဝင်ဘာ ၁၆ ရခိုင်လူထုနဲ့ အာရက္ခတပ်တော်ရဲ့ အဓိက ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်အတွင်းရှိ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးကို မိမိတို့ ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ AA က ပြောပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ရခိုင်ပြည်အတွင်း တိုက်ပွဲတွေဟာ တစ်နှစ်ပြည့်တဲ့အချိန်အထိ အရှိန်လျော့ကျသွားတာမရှိဘဲ နေ့စဉ်နဲ့အမျှ ဆက်လက်ပြင်းထန်နေတယ်လို့ ရခိုင်နဲ့…

တော်လှန်ရေးကာလအတွင်း လောင်းလုံး PDF ရဲဘော် ၂၀ ဦး ကျဆုံး

လောင်းလုံး၊ နိုဝင်ဘာ ၁၆ နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ LLPDF က ရဲဘော် ၂၀ ဦး ကျဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ LLPDF ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအားရည်စူးပြီး…

မြိတ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

မြိတ်၊ နိုဝင်ဘာ ၁၆ တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းက တုံးဗျောကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့တာပါ။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်ရာ နေရာမှာပဲ…

သံဖြူဇရပ်တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ အဆက် မပြတ်တိုက်ခိုက်နေ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၆ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး စ ခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်…

စလင်းက စစ်ကောင်စီကာကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်

မကွေး နိုဝင်ဘာ ၁၅ မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့က ဆုတ်လေဦး စစ်ကောင်စီ ကာကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ အဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ နိုဝင်ဘာ ၁၅ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်ကတည်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စခန်းကိုပါ အပိုင်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုချိန်ထိတော့ စကစဘက်က လှုပ်ရှားမှုမတွေ့ရသေးဘူး။ သူတို့တွေပြေးတော့…

ထိုင်းနိုင်ငံမှာ မြန်မာ နှစ်ဦး ပစ်သတ်ခံရ

ဆာမွတ်ဆာခွန်၊ နိုဝင်ဘာ ၁၅ ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်မြို့မှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရတ်ချာဘူရီ ပြည်နယ် ဆွန်ဖွန်ဒေသမှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့၊ ဆရာဝန်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရောက်ရှိသွားချိန်မှာ အလောင်း နှစ်လောင်းကို ဖုန်ဆွန်ခို့ ရွာဆီ…