ပုလော၊ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တို့ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန် ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၃ ရက်နေ့ကစပြီး ပုလောမြို့နယ် တပိုကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့ကနေ နိုဝင်ဘာ ၂၆ ရက်နေ့အထိ တပို၊စက်တော်ရာနဲ့ ဇရပ်ဆိပ်ကျေးရွာတွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက တော့ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်မဆုတ်တဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။

လေးရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ပုလောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တပိုကျေးရွာရှိ ဒေသခံနေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်း တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဇရပ်ဆိပ်၊ တပို၊ ကြဲ၊ မီးလောင်းချောင်းအပါအဝင် အနီးဝန်းကျင်ကျေး ရွာတွေက ဒေသခံ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေ ရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Palaw PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.