November 25, 2024

စစ်အာဏာသိမ်း (၁၃၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၂၆ AAPP ရဲ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၉၄) ရက်အတွင်း ပြည်သူ (၅၉၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မဲမသမာမှုစွပ်စွဲချက် နိုင်ငံတကာအာရုံစိုက်အောင် ဘာသာစကား ၅ မျိုးနဲ့ စစ်ကောင်စီကြိုးပမ်း

နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေတဲ့ စစ်ကောင်စီက အာဏာသိမ်းမှု လေးနှစ်နီးပါးပြည့်ချိန်မှာ သူတို့ စွပ်စွဲထားတဲ့ NLD အစိုးရလက်ထက်က ရွေးကောက်ပွဲ မဲသမာမှုတွေကို နိုင်ငံတကာအာ ရုံစိုက်လာအောင် ကြိုးပမ်းလာပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေအပေါ် ဘာသာစ ကား ၅ မျိုးနဲ့ ဖော်ပြထားတဲ့ စုံစမ်းတွေ့ရှိချက်တွေကို ဝက်ဆိုဒ်နဲ့…

ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုဖွဲ့စည်း

ထားဝယ်၊ နိုဝင်ဘာ ၂၆ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန် ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ထားဝယ်ခရိုင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်လာတာပါ။ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူး ပေါင်းပြီး…

ဖာပွန်မှာစစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာနေ

ဖာပွန်၊ နိုဝင်ဘာ ၂၆ ကရင်ပြည်နယ် ဖာပွန်ခရိုင် မထောတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရတာကြောင့် အထိ နာနေပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့က ဖာပွန်မြို့တောင်ဘက် ဖာပွန်-ကတိုင်တိ-ကမမောင်းကာလးမ်ပေါ်မှာတည် ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့…

ရေဖြူတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိ၊ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

ရေဖြူ၊ နိုဝင်ဘာ ၂၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပြီး အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုထံကနေ သိရပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပိန်းရှောင်ကျေးရွာကနေ ကျောက်ဝပ်ကုန်းကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အ တွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။…

ILO ရဲ့ အရေးယူဆောင်ရွက်မယ့်လုပ်ငန်းစဉ်က စစ်ကောင်စီကို ဘယ်လောက် အထိနာစေနိုင်မလဲ။

“ကျွန်တော်တို့ တိုက်နေတာသည် စနစ်ပြောင်းတော်လှန်ရေး ဖြစ်တယ်။ အရင်က CDM လုပ် အလုပ်ထွက်ခွာခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုအတွက်လည်း ပါတယ်။ အလုပ်တွေသိမ်းခံရလို့ စားသောက်ကုန်လုပ်ငန်းတွေ အရပ်ခံရတဲ့ကိစ္စတွေ ဖြစ်တဲ့ အလုပ်ရှင်တွေ အတွက်လည်း ပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်” – ဦးမောင်မောင် (CTUM – ဥက္ကဌ) အပိုင်း ၁ မှ အဆက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၆…

မိမိ အသတ်ခံရရင် သမ္မတ မားကို့စ်ကို လုပ်ကြံမယ်လို့ ဖိလစ်ပိုင် ဒုသမ္မတ ခြိမ်းခြောက်

မနီလာ နိုဝင်ဘာ ၂၅ ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးက သူသတ်ဖြတ်ခံရလို့ရှိရင် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို လုပ်ကြံသတ်ဖြတ်မယ်လို့ ပြောကြားလိုက်ပြီးနောက် နိုင်ငံမှာ လုံခြုံရေးအေဂျင်စီတွေဟာ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်ခဲ့ရပါတယ်။ ဖိလစ်ပိုင်မှာ နိုင်ငံရေးအရ အင်အား အကောင်းဆုံး မိသားစုနှစ်စုကြား ပဋိပက္ခဖြစ်မှု ပိုမိုကျယ်ပြန့်လာတဲ့ လက္ခဏာအနေနဲ့ ဒုသမ္မတ…

ပါကစ္စတန်မှာ ဂိုဏ်းအဖွဲ့တွေ တိုက်ခိုက်မှုတွေကြောင့် လူ ၈၇ ဦး သေဆုံး

ကာရမ်၊ နိုဝင်ဘာ ၂၅ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အသစ်တစ်ဖန် ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လူ ၈၇ ဦး သေဆုံးခဲ့ပြီးနောက် ၇ ရက်ကြာ အပစ်ခတ် ရပ်ဖို့ ညှိနှိုင်း ပေးခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ အာဖဂန်နယ်စပ်အနီး တိုင်းရင်းသားဒေသ ကာရမ်ဒေသမှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူ…

မြန်မာ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် လေ့လာဖို့ ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယား စေလွှတ်မယ်

ဖနွမ်းပင် နိုဝင်ဘာ ၂၅ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ တောင်းဆိုချက်ကြောင့် လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ လုပ်ငန်းစဉ် လေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က စေလွှတ်မယ်လို့ ခမာတိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။ ၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီတွေရဲ့…

တနင်္သာရီမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နေအိမ် ၆ လုံး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီ၊ နိုဝင်ဘာ ၂၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာသွားတာကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် မနက် ၆ နာရီအချိန်ခန့်မှာ အင်အား ၈၀ ဝန်းကျင်နဲ့ ဇဝဲအခြေစိုက်တပ်ရင်းမှ…